• Featured

    ဟာလန်းကို မန်စီးတီးလက်ထဲအပါမခံဘဲ လီဗာပူးတို့အရခေါ်ယူဖို့ တိုက်တွန်းလိုက်တဲ့ ရစ္စ

ရစ္စကတော့ သူ့အသင်းဟောင်းမှာ ဟာလန်းကိုမြင်တွေ့ချင်နေတာဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်း ရစ္စက ဟာလန်းကို လီဗာပူးတို့ အရခေါ်ယူသင့်ပြီး အဲ့ဒီလိုမဟုတ်ဘဲ မန်စီးတီးက လက်ဦးမှုရသွားမယ်ဆိုရင် မန်စီးတီးကို ဘယ်သူမှအနိုင်မယူနိုင်လောက်အောင်ဖြစ်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

image

အဆိုပါနော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ဘောလုံးလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကိုခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီတည်းက ချဲလ်ဆီးတို့ တရားဝင်ကြိုးစားခဲ့တာပါ။

image

ဒါပေမယ့် ဒေါ့မွန်က ဟာလန်းကို လုံးဝလက်လွှတ်ခံလိုခြင်းမရှိတာကြောင့် ဂျာမန်မြေမှာသာ ဆက်ရှိနေခဲ့တာပါ။ ဟာလန်းကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပြီး ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူး၊ PSG တို့ကလည်း ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

ဒီလိုအနေအထားအပေါ်မှာ ရစ္စက “ကျွန်တော် သူ့ (ဟာလန်း) ကို လီဗာပူးမှာမြင်တွေ့ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် ခြေစွမ်းပြနိုင်လို့ပါ။ ထိပ်တန်းအဆင့်ရှိပြီး ကလော့ပ်ရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီမယ်ထင်ပါတယ်။ သူကိုယ်တိုင်လည်း လီဗာပူးကို ချစ်မြတ်နိုးမယ်လို့ ကျွန်တော် စဥ်းစားပါတယ်”

“ဒါပေမယ့် မန်စီးတီးသာ သူ့ကိုရသွားရင်တော့ ဘယ်အသင်းမှ သူတို့ကို အနိုင်မယူနိုင်လောက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ဟာလန်းကိုရလိုက်တဲ့အသင်းကတော့ လာမယ့်ရာသီမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် နောက်နှစ်ပေါင်းများစွာဖြစ်ဖြစ် သိပ်ကိုအင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လာမှာပါ”

“လီဗာပူးက သူ့ကိုခေါ်ယူဖို့ အခွင့်အရေးရှိ၊ မရှိ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အခွင့်အရေးရမယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကြိုးစားပါဗျာ။ ဟာလန်းကို ခေါ်ယူနိုင်တာက ဘယ်အသင်းအတွက်မဆို မယုံကြည်နိုင်စရာ စွမ်းဆောင်မှုဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၁) နှစ်အရွယ် ဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့် နွေရာသီမှာ ယူရို (၇၅) သန်းနဲ့ သန်း (၁၀၀) အကြားသာ ရှိမှာဖြစ်ပြီး ဒီအနေအထားကြောင့် ထိပ်တန်းအသင်းတွေက ဟာလန်းအတွက် အပြိုင်ကြိုးစားလာဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က