• အင်္ဂါနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ

ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုဖို့ မန်ယူက ကြိုးစားနေပါပြီ။

အင်္ဂါနေ့နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

image

Photo : Goal.com

 

- ပီအက်စ်ဂျီအသင်းဟာ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ အဲရစ်ဆန်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Express ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအနေနဲ့ ဒိန်းမတ်ကွင်းလယ်လူအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သြဂုတ်လ (၃၁)ရက်နေ့ မတိုင်မီမှာ အဲရစ်ဆန်အတွက် ကြိုးပမ်းမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

image

Photo : Goal.com

 

- Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသင်းမှ တောင်ပံကစားသမား အူစမန်ဒမ်ဘီလီအတွက် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင် ကစားသမားကို ပီအက်စ်ဂျီက စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပြီး ယူရို ၁၀၅သန်းနဲ့  ပီအက်စ်ဂျီက ကမ်းလှမ်းသွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Photo : Goal.com

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမား ဒေးဗစ်ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် စပိန်လက်ရွေးစင် ဂိုးသမားကို မန်ယူအသင်းက (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်အရ အသက် (၂၇)နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ ၂၀၂၃ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေတော့မှာ ဖြစ်ပါတယ်။

Photo : Goal.com

- ဆီဗီလာကွင်းလယ်လူအန်ဇွန်ဇီဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ အသက် (၂၉)နှစ်အရွယ် ရှိပြီး အာဆင်နယ် နဲ့ ဘာစီလိုနာတို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Sky Italia က ဖော်ပြခဲ့ပါတယ် ဒါပေမယ့်လည်း ရိုးမားနဲ့ ဆီဗီလာတို့ဟာ အန်ဇွန်ဇီအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေပြီး ရက်အနည်းငယ်အကြာမှာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာတော့မယ်လို့ သိရပါတယ်။

Photo : Goal.com

 

- တူရကီကလပ် ဖီနာဘာချီအသင်းဟာ မန်ယူနောက်ခံလူ မားကို့စ်ရိုဟိုကို အငှားခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အသက် (၂၈)နှစ်အရွယ် အာဂျင်တီးနားနောက်ခံံလူကို အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင်မှာ အရခေါ်ယူနိုင်ဖို့ ဖီနာဘာချီက မျှော်လင့်နေပြီး တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က