• Featured

    အင်္ဂလန်လက်ရွေးစင် ပြန်ဖြစ်ဖို့ စမောလင်း ယုံကြည်မှု ပြင်းထန်နေ

ရိုးမားမှာ အငှားကစား‌နေပါတယ်။

ယူနိုက်တက်အသင်းကနေ ရိုးမားအသင်းကို အငှားနဲ့ သွားကစားနေရသူ ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးကစားပေးထားပါတယ်။

အသက် ၃၀ အရွယ် စမောလင်းကတော့ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲကစားခွင့်ရဖို့ ယုံကြည်မှု ပြင်းထန်နေတယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

စမောလင်းက ၂၀၁၇ နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ကစားပေးထားနိုင်ခြင်းမရှိတော့တာ ဖြစ်ပြီး လက်ရှိ မှာလည်း ယူနိုက်တက်အသင်းကနေ ရိုးမားအသင်းကို အငှားနဲ့သွားကစားနေရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းက ထွက်ခွာလာချိန်ကထက် အခုချိန်မှာ ပိုကောင်းတဲ့ ကစားသမားတစ်ဦး အဖြစ် ခံစားနေရပြီလို့ စမောလင်းက ဆိုလာပါတယ်။



“ကျွန်တော့်စိတ်ကတော့ အမြဲတမ်းအင်္ဂလန်ကိုပဲ ရောက်နေသည့်တိုင် အီတလီမှာ နောက်တစ်နှစ်လောက် ထပ်ကစားချင်ပါသေးတယ်။ နည်းပြဆောက်ဂိတ်နဲ့အဖွဲ့ဝင်တွေက ဒီနှစ်ထဲမှာ ကျွန်တော့် ပွဲတွေကိုလည်း ကြည့်မယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ကျွန်တော်ကတော့ လက်ရှိအလုပ်ကို အာရုံစိုက်ထားပြီး ယူရိုမှာ တစ်စိတ် တစ်ပိုင်း ပါဝင်ရမယ်ဆိုတဲ့ စိတ်ခံစားမှုကို အမြဲမွေးပြီး စိတ်ဓာတ်မြှင့်တင်ထားပါတယ်။”လို့ စမောလင်းက BBC SPORTကိုပြောသွားတာပါ။

Image result for smalling roma

စမောလင်းက အင်္ဂလန်အသင်းအတွက် ၃၁ ပွဲထိပါဝင်ကစားပေးထားနိုင်သူ ဖြစ်ပြီး ယူရို ၂၀၂၀ အတွက်ပါဝင်နိုင်ဖို့ ဆိုရင်တော့ မက်ဂွဲယား၊ဂျိုးစ်ဂိုမက်ဇ်၊တိုင်ရွန်မင်းစ်၊ဂျွန်စတုန်း၊မိုက်ကယ်ကီယန်၊တိုမိုရီ အစရှိတဲ့ ကစားသမားတွေ နဲ့ အဓိကထား ပြိုင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ရိုးမားအသင်းအတွက် ဒီရာသီမှာ ၂၄ ပွဲကစားပေးထားကာ ၂ ဂိုးထိသွင်းယူပေးထားနိုင်တဲ့ နောက်ခံလူတစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က