Apple ရဲ့ ပထမဆုံး Plus မော်ဒယ် iPhone အတွက် နှုတ်ဆက်ရမယ့်အချိန်ပါ။
MacRumors ရဲ့ သတင်းတွေအရ Apple ဟာ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ iPhone 6 Plus ကို Apple ရဲ့ Vintage Products ထုတ်ကုန်စာရင်းမှာ ထည့်သွင်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
"MacRumors က ရထားတဲ့ အတွင်းရေးမှတ်တမ်းတစ်ခုထဲမှာ Apple ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ iPhone 6 Pus ကို သူ့ရဲ့ အဟောင်းတန်းထုတ်ကုန် (Vintage Products) List ထဲ ထည့်သွားမယ်လို့ ဆိုပါတယ်။ သဘောက ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမှု ရပ်တန့်ခဲ့တာ ၅ နှစ်ကျော် ကြာပြီဆိုတာပါပဲ" လို့ ဖော်ပြထားပါတယ်။

Photo: lifewire
Vintage Product တစ်ခုအနေနဲ့ iPhone 6 Plus ပိုင်ရှင်တွေဟာ Apple မှာ ဖုန်း Services ပြင်နိုင်ဆဲ ဖြစ်ပြီး ကုမ္ပဏီရဲ့ တခြား Third-Party ဖုန်းပြင်ဆိုင်လေးတွေမှာလည်း အပ်နိုင်ဦးမှာပါ။ Apple Stores တွေနဲ့ Apple ရဲ့ တရားဝင် Authorized Service Providers တွေမှာ Vintage Products စာရင်းဝင် ထုတ်ကုန်တွေကို ၇ နှစ်ကြာတဲ့အထိ ဖုန်းပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေ ပေးသွားဦးမှာပါ။
ဒီသတ်မှတ်ချက်ထဲမှာ Vintage Product စာရင်းဝင် iPhone ၊ iPad ၊ iPod ၊ Mac နဲ့ Apple TV တို့ အကျုံးဝင်ပါတယ်။ ဒါကလည်း အပိုပစ္စည်း ရနိုင်/မရနိုင်ပေါ်မှာလည်း မူတည်ပါတယ်။ Mac notebooks ထုတ်ကုန်တွေကိုတော့ ဖြန့်ဖြူးမှု ရပ်ဆိုင်းတဲ့အချိန်ကနေ ၁၀ နှစ်အထိ ဘက်ထရီသီးသန့်ပြင်ပေးတဲ့ သက်တမ်းတိုးဝန်ဆောင်မှုထဲ ထည့်သွင်းထားပါတယ်။
iPhone 6 နဲ့ iPhone 6 Plus ထုတ်ကုန်တွေကို ၂၀၁၄ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Apple Pay ပထမဆုံးပါဝင်လာတဲ့ ထုတ်ကုန်တွေလည်း ဖြစ်ပါတယ်။ Apple ရဲ့ မျက်နှာပြင်အကြီး စမတ်ဖုန်းထုတ်ကုန်အပြောင်းအလဲကိုလည်း ဒီမော်ဒယ်တွေနဲ့ ဦးဆောင်လာခဲ့တာပါ။ ဒီနေ့အချိန်အထိ Apple ရဲ့ အအောင်မြင်ဆုံးထုတ်ကုန်နှစ်ခုအဖြစ် နာမည်ကျာင်းလည်း ရခဲ့တဲ့ ဖုန်းတွေဖြစ်ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ iPhone 6/6 Plus မော်ဒယ်တွေအတွက် နောက်ဆုံး ဆော့ဖ်ဝဲလ် Update ဖြစ်တဲ့ iOS 13 ကို ဖြန့်ချိခဲ့ပြီးနောက် Update သစ် ပေးခြင်း မရှိတော့ပါဘူး။