• အိန္ဒိယရဲများ ဝိတ်မလျှော့ပါက ရာထူးမှဆိုင်းငံ့ခံရမည်

၁၈ လအတွင်း လူနေမှုပုံစံနဲ့ ဆက်နွယ်နေတဲ့ နာမကျန်းဖြစ်မှုတွေကြောင့် ရဲတပ်ဖွဲ့အရာရှိ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ ရဲတပ်ရင်းတစ်ခုက ၎င်းရဲ့တပ်ဖွဲ့ဝင်တွေကို ခန္ဓာကိုယ်အလေးချိန် လျှော့ချကြခြင်းမပြုပါက ရာထူးမှဆိုင်းငံ့ခံရမယ်လို့ သတိပေးခဲ့ကြောင်း သိရပါတယ်။

image


Karnataka State Reserve Police (KSRP) မှ အကြီးအကဲ Bhaskar Rao က ၎င်းရဲ့တပ်ဖွဲ့အတွင်း အလွန်ဝနေသူတွေ များပြားလာမှုအပေါ် စိုးရိမ်ခဲ့ကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၈ လအတွင်း လူနေမှုပုံစံနဲ့ ဆက်နွယ်နေတဲ့ နာမကျန်းဖြစ်မှုတွေကြောင့် ရဲတပ်ဖွဲ့အရာရှိ ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးညွှန်ကြားရန် ဆုံံးဖြတ်ခဲ့ကြောင်းလည်း KSRP အကြီးအကဲက ဆိုပါတယ်။

ရဲအရာရှိတွေကို လူနေမှုပုံစံပြောင်းလဲရန်နဲ့ ကိုယ်အလေးချိန်လျှော့ချရန် ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။ KSRP မှ အကြီးတန်းအရာရှိတွေက အဝလွန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရွေးချယ်သွားပြီး ၎င်းတို့ကို ကိုယ်အလေးချိန်လျှော့ချရန် လေ့ကျင့်ခန်းအစီအစဉ်များ လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။

Photo: Getty Images



"KSRP အရာရှိတွေရဲ့ အချိုစားသုံးမှုနဲ့အခြား ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုတွေကို လွန်ခဲ့တဲ့ ခြောက်လမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်၊ သူတို့ရဲ့ကျန်းမာရေးကို ဂရုမစိုက်တဲ့ အရာရှိတွေဟာ ရာထူးကနေဆိုင်းငံ့ခံရမယ်၊ အလုပ်ဖြုတ်ခံရမယ်လို့ အခုနောက်ဆုံး သတိပေးထားပါတယ်" လို့ Bhaskar Rao က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၈ လထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၅၃ ယောက် သေဆုံးခဲ့တယ်ဗျာ၊ အဲဒီထဲမှာ ၂၄ ယောက်က လမ်းမပေါ် မတော်တဆမှုကြောင့်နဲ့ ကိုးယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်၊ ကျန်တဲ့ သေဆုံးသူအားလုံးက လူနေမှုပုံစံနဲ့ ဆက်နွယ်နေတဲ့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် သေဆုံးခဲ့ကြတယ်" လို့ ၎င်းကဆိုပါတယ်။

"ဒါက ရဲတွေကြားမှာ လူနေမှုပုံစံနဲ့ အဝလွန်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် အကြီးမားဆုံး သတိပေးမှုဖြစ်လာတယ်" လို့လည်း Bhaskar Rao က ပြောပါတယ်။ အိန္ဒိယမှာ ရဲတပ်ဖွဲ့ဝင်များ အဝလွန်မှုပြဿနာတွေ ယခင်ကတည်းက ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

Photo: Hindustan Times



KSRP အကြီးအကဲရဲ့ ပြောကြားမှုအရ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန်ဖြင့်အခြေခံ ပြုလုပ်ထားတဲ့ အကြော်အလှော်တွေကို အများဆုံး စားကြပြီး ဆေးလိပ်နဲ့အရက် သောက်ကြကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်လေ့မရှိကြောင်း သိရပါတယ်။

တပ်ဖွဲ့ဝင်တွေကို လူနေမှုပုံစံပြောင်းလဲရန်နဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ရန် KSRP က ရေကူးသင်တန်းများ၊ ယောဂနဲ့ အခြား အားကစားလေ့ကျင့်ခန်းတွေ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးစစ်ဆေးမှုနဲ့ အလေ့အကျင့်တွေကို စောင့်ကြည့်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ အစားအစာနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ကြီးကြပ်ညွှန်ကြားခဲ့ကြောင်းလည်း KSRP အကြီးအကဲက ပြောပါတယ်။

KSRP ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၄,၀၀၀ ရှိပြီး ပွဲအခမ်းအနားကြီးများအတွက် လုံခြုံရေးဆောင်ရွက်ပေးရပါတယ်။ ဒါ့အပြင် အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်ဆူပူမှုတွေကိုလည်း ထိန်းသိမ်းရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က