• အင်္ဂလန်ကွင်းလယ်အတွက် အာနိုးလ်ကို အယုံအကြည်မရှိဖြစ်နေတဲ့ ရွန်းနီ

အာနိုးလ်က ကွင်းလယ်မှာ ဝင်ကစားဖွယ်ရှိပါတယ်။

အင်္ဂလန်ဂန္တဝင်ဟောင်းကြီး ဝိန်းရွန်းနီက ယူရို-၂၀၂၄ အတွက် အင်္ဂလန်ရဲ့ ကွင်းလယ်မှာ အာနိုးလ် ပွဲထွက်လာမယ့်အပေါ် သဘောမကျဖြစ်နေပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အာနိုးလ်ကို ကွင်းလယ်ကစားသမားနေရာအတွက် ရွေးချယ်ထားတာပါ။

image

ညာနောက်ခံလူနေရာအတွက် ဝေါ်လ်ကာနဲ့ ထရစ်ပီယာတို့နှစ်ယောက်ရှိနေပြီး အာနိုးလ်က ကွင်းလယ်အဖျက်နေရာမှာ တက်ကစားဖို့ ရှိနေပါတယ်။ အာနိုးလ်နဲ့ ဘယ်သူ တွဲဖက်ပြီး ကစားမယ်ဆိုတာ မသေချာသေးပေမယ့် ဒကလန်ရိုက်စ်ကတော့ အာနိုးလ်နဲ့ တွဲဖက်ကစားနိုင်ခြေ ပိုများနေပါတယ်။

image

အဲ့ဒါကြောင့်လည်း ရွန်းနီက “ဆောက်ဂိတ်က အာနိုးလ်နဲ့ ကွင်းလယ်ကို ပွဲထုတ်မယ်ထင်ပါတယ်။ အာနိုးလ်က နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့ ကစားသမားပါ။ ဘောလုံးခြေထောက်ထဲရှိနေတဲ့အချိန် သူ့လို ကစားသမားမျိုးကို ကျနော်တို့ လိုအပ်ပါတယ်။ ခံစစ်မှာ သူက နေရာစုံကစားနိုင်ပေမယ့် ကွင်းလယ်နေရာမှာတော့ ခံစစ်မကစားနိုင်ပါဘူး”

“သူ့ကို ညာနောက်ခံလူနေရာ ထားကစားမယ်ဆိုရင် ကျနော့်အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျနော်ကတော့ သူ့ကို ကွင်းလယ်နားတစ်ဝိုက်မှာ ထားမကစားနိုင်ပါဘူး။ ဒါပေမယ့် ကျနော် အာနိုးလ်ကို တကယ် သဘောကျပါတယ်။ ဘောလုံးရထားချိန်မှာ သူက အခြားကစားသမားတွေ မလုပ်နိုင်တာမျိုးကို လုပ်ပြနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အာနိုးလ်ဟာ လီဗာပူးမှာလည်း မကြာခဏဆိုသလို ကွင်းလယ်နေရာကို ဝင်ကစားခဲ့တဲ့ ကစားသမားပါ။ ယူရိုမတိုင်ခင် အင်္ဂလန်ရဲ့ ခြေစမ်းပွဲတွေမှာလည်း ဆောက်ဂိတ်က အာနိုးလ်ကို ကွင်းလယ်နေရာမှာ ထားကစားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က