• AirPods ကြောင့် သားဖြစ်သူ အကြားအာရုံဆုံးရှုံးမှု Apple ကို မိဘတွေ တရားစွဲ

နားစည်ပျက်စီးပြီး နားလုံးဝမကြားတဲ့အဖြစ် ရောက်သွားတာပါ။

တက္ကဆက်ပြည်နယ်က မိဘနှစ်ဦးဟာ ကုမ္ပဏီထုတ် AirPods နားကြပ်တွေကြောင့် သားဖြစ်သူ အကြားအာရုံဆုံးရှုံးခဲ့ရတယ်ဆိုပြီး Apple ကို တရားစွဲထားပါတယ်။ 

AirPods နားကြပ်မှာ ပါတဲ့ Amber Alerts လို့ ခေါ်တဲ့ လူပျောက်ရှာတဲ့ အရေးပေါ် သတိပေးစနစ်ကြောင့် ကလေး နားကန်းသွားခဲ့တယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က အမေရိကန်မြောက်ပိုင်း ကယ်ရိုလိုင်းနားက ခရိုင်တရားရုံးမှာ Carlos Gordoa နဲ့ Ariani Reyes ဆိုတဲ့ ကလေးမိဘနှစ်ဦးက B.G လို့ ဆိုတဲ့ သူတို့ကလေးဟာ Apple ထုတ် AirPods တွေကြောင့် ဆိုးဝါးတဲ့ နားအကြားအာရုံ ပျက်စီးမှုနဲ့ ကြုံခဲ့တယ်ဆိုပြီး တရားစွဲထားတာပါ။ 

image




"ချို့ယွင်းချက် ရှိတဲ့ AirPods ကို တပ်ဆင်ချိန် Amber Alert အသိပေးချက်ကြောင့် B.G ရဲ့ ညာဘက်နားဟာ နားစည်ထိခိုက်ပျက်စီးလောက်အောင် မြင့်လွန်းတဲ့ အသံကြောင့် ပျက်စီးခဲ့သလို အတွင်းနားထဲက အရိုးချောင်းလေးတွေပါ ပျက်စီးသွားခဲ့ပါတယ်။ B.G ဟာ နာအူနေပြီး အကြားအာရုံထာဝရဆုံးရှုံးသွားခဲ့သလို ယာယီနဲ့ အမြဲတမ်း ဒဏ်ရာ အနာတရ ရရှိခြင်း ၊ မသန်စွမ်းဖြစ်လာခြင်းအားဖြင့် ဘဝရဲ့ ပျော်စရာတွေကို ခံစားနိုင်ခွင့်ဆုံးရှုံးလာပါတယ်။" လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ 

၂၀၂၀ မေလ ၁၇ ရက်နေ့မှာ သားဖြစ်သူဟာ သူ့ iPhone ကို AirPods နဲ့ ချိတ်ပြီး အသံတိုးတိုး Low Volume အနိမ့်နဲ့ Netflix ဇာတ်ကားတွေ ကြည့်နေခဲ့တာပါ။ Amber Alert သံ အကျယ်ကြီး ရုတ်တရပ် ထွက်လာပြီးနောက်မှာ သူ့ရဲ့ နားစည်ပျက်စီးသွားခဲ့ပြီး အကြားအာရုံဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သူဟာ ပျို့အန်တာ ၊ မူးဝေတာ အပြင် နားမကြားရတဲ့ အခြေအနေရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

"ကျွန်မတို့ သားက ကျန်းကျန်းမာမာကြီးကနေ အခုလို ဖြစ်သွားတော့ ဒေါသလည်း ထွက်တယ်။ အလွန်လည်း ဝမ်းနည်းပါတယ်" လို့ မိခင်ဖြစ်သူ Reyes က ပြောပါတယ်။ B.G ဟာ ဘောလုံးကစားသမားတစ်ဦးလည်း ဖြစ်ပြီး အခုထိခိုက်ဒဏ်ရာရမှုဟာ သူ့ဘဝကို ဆိုးဆိုးဝါးဝါး သက်ရောက်သွားခဲ့တယ်လို့လည်း သူမက ပြောပါတယ်။



"Apple အနေနဲ့ AirPods တွေရဲ့ အသံ Volume Levels ကို သတိပေးချက် မလုပ်လို့ အခုလို ကလေးရဲ့ဘဝ ဆိုးဆိုးဝါးဝါး ပြောင်းလဲခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ အခုလို သတိပေးချက်တွေမှာ Volume အကျယ်ကြီး ထွက်မယ်ဆိုတာကို ကြိုတင် သတိပေးချက် လုပ်မယ် ဒါမှမဟုတ် စိတ်ချရတဲ့ Safe Level မှာ အလိုအလျောက် ချိန်ညှိပေးထားမယ်ဆိုရင် ဒီကလေးဟာ သာမန်ဘဝမှာပဲ နေထိုင်နေမှာ ဖြစ်တယ်" လို့လည်း မိသားစုရှေ့နေ Tej Paranjpe က ပြောပါတယ်။ 


Share

Loading Next Article...
က္က