• ရာသီသစ်မှာ ဖိနပ်အသစ်နဲ့ မြင်တွေ့ရမယ့် လူးဝစ္စဆွာရက်ဇ်

တစ်နှစ်ကို ပေါင် (၁)သန်းအထိ ရရှိမှာပါ။

ဘာစီလိုနာအသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ အက်ဒီးဒတ်စ်ဖိနပ်ကို ဝတ်ဆင်နေရာမှ ပူးမားဖိနပ်ကို ပြောင်းလဲ ဝတ်ဆင်သွားတော့မှာ ဖြစ်တယ်လို့ တရားဝင်ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။ အက်ဒီးဒတ်စ်နဲ့ ဆယ်စုနှစ် တစ်ခုကြာ လက်တွဲခဲ့တဲ့ပြီးနောက်မှာ ဆွာရက်ဇ်ဟာ နောက်ထပ်စပွန်ဆာအသစ်တစ်ခုနဲ့ ပြောင်းလဲလက်တွဲတော့မှာ ဖြစ်ပါတယ်။

image

Photo : The Sun

 

ဂျာမန်နာမည်ကျော် အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်ဒီးဒတ်စ်ရဲ့ ပြိုင်ဘက် ပူးမားကုမ္ပဏီ နဲ့ ဆွာရက်ဇ်တို့ဟာ တစ်နှစ်ကို ပေါင် (၁)သန်းအထိ တန်ကြေးရှိတဲ့ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ပူးမားနဲ့ လက်တွဲနေတဲ့ နာမည်ကျော် ကစားသမား စာရင်းထဲမှာ ဂိုဒင်၊ အဂူရို၊ လူကာကူ နဲ့ ဘာလိုတယ်လီတို့အပြင် ဆွာရက်ဇ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

ဥရောပစူပါဖလားပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးသွင်းယူသူ ဖြစ်လာတဲ့ ဒီယေဂိုကော်စတာ 

image

Photo : The Sun

 

ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကို ပူးမားက စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဝတ်စုံကိုတော့ Nike က စပွန်ဆာပေးနေတာဖြစ်ပြီး ပူးမားကတော့ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ဝတ်စုံကို အဓိကစပွန်ဆာပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဆွာရက်ဇ် နဲ့ အက်ဒီးဒတ်စ်တို့ကြားမှာ မကျေလည်နိုင်တဲ့ ပြသနာ အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Photo : The Sun

 

ဒီလအစောပိုင်းက ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ဆွာရက်ဇ်ဟာ အနက်ရောင်ဘောလုံးကန်ဖိနပ်ကိုသာ ဝတ်ဆင်ကစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ဆွာရက်ဇ် နဲ့ အက်ဒီးဒတ်စ်တို့ကြား ခွာပြဲမှုဖြစ်ပွားခြင်း အစဖြစ်လာခဲ့ပြီး အဲဒီနောက်မှာတော့ ကစားသမားဟာ ပူးမားနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : The Sun

 

အသက် (၃၁)နှစ်အရွယ်ရှိ ကစားသမားက "အတိတ်ကို မေ့ပစ်လိုက်ပါပြီ၊ အနာဂတ်ကိုပဲ ကြည့်မယ်ဆိုရင် ပူးမားနဲ့ ပူးပေါင်းမှုအပေါ်မှာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်ရပါတယ်" လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဆွာရက်ဇ်ကို လာမယ့် ဘောလုံးပွဲစဉ်တွေမှာ ပူးမားရဲ့ ဘောလုံးကန်ဖိနပ်တွေနဲ့ ကစားပုံတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က