• ရော်နယ်ဒို၊ စီးရီးအေရွှေဖိနပ် နဲ့ စိန်ခေါ်ကြမယ့်သူများ

စီးရီးအေရွှေဖိနပ်ဆုကို ဘယ်သူ ရယူသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဂျူဗင်တပ်စ်အသင်းကို ရော်နယ်ဒို ရောက်ရှိလာခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆု ရရှိဖို့ ပြိုင်ဆိုင်မှုဟာ ပရိသတ်များရဲ့ အာရုံစိုက်ထားခြင်းကို ရရှိလာပြီ ဖြစ်ပါတယ်။ နာမည်ကျော်တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ အီတလီရဲ့ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုကို ရော်နယ်ဒို ရောက်ရှိခဲ့ခြင်းက တိုက်စစ်မှူးတွေရဲ့ ပါဝါယှဉ်ပြိုင်မှုကို နောက်ထပ်တဆင့် အရှိန်အဟုန် မြှင့်တင်ပေးသလို ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာ ဘယ်တိုက်စစ်မှူးက စီးရီးအေရွှေဖိနပ်ဆုကို ဆွတ်ခူးသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။

 

(၁) ရော်နယ်ဒို (ဂျူဗင်တပ်စ်)

image

Photo : football365

 

ပြီးခဲ့တဲ့ရာသီ  လိဂ်ပွဲ (၂၇) ပွဲ ကစားခဲ့ပြီး ရော်နယ်ဒိုက (၂၆)ဂိုးထိ ရရှိခဲ့ပါတယ်။ မက်ဆီနဲ့ အမြဲတစေ ပြိုင်ဆိုင်မှုကြီးမားတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက မက်ဆီကို ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ အသက်အရွယ်ပိုင်းအရ ကစားတဲ့ပုံစံ ပြောင်းလဲခဲ့တာကိုတော့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ (၂၇)ပွဲ ကစားပြီး (၂၆)ဂိုး ရရှိခဲ့တာဟာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ အမြင့်ဆုံးအဆင့်မှာ ရှိနေဆဲဆိုတာ ထင်ရှားခဲ့ပါတယ်။ မတူညီကွဲပြားတဲ့ လိဂ်တစ်ခုမှာ စွန့်စားခန့် အသစ် ဖွင့်လှစ်မယ့် ရော်နယ်ဒိုအတွက် စီးရီးအေပြိုင်ပွဲတွေက ဂိုးသွင်းရ လွယ်ကူမှာလားဆိုတာကို မကြာခင်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ နောက်ခံလူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တဲ့ မန်ယူ 

(၂) ဟီဂူအင် (အေစီမီလန်)

Photo : football365

 

၂၀၁၆ ခုနှစ်ရဲ့ ရွှေဖိနပ်ဆုပိုင်ရှင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗီအတွက် (၁၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် မြင့်တက်မှုတွေ ရှိလို့ ဝေဖန်ခံခဲ့ရဖူးတဲ့ ဟီဂူအင်အတွက်တော့ ဂိုးသွင်းအား ကျဆင်းနေတာက ပြသနာတစ်ခု ဖြစ်နေခဲ့ပါတယ်။ အမှတ်ပေးပွဲ (၃၅)ပွဲအထိ ဟီဂူအင် ပါဝင်ကစားခဲ့ပေမယ့်လည်း (၁၆)ဂိုးသာ သွင်းယူနိုင်ခဲ့မှုဟာ အသင်းဖော် ဒီဘာလာထက် မိနစ်ပေါင်း (၅၀၀) ကျော် ပိုမိုကစားခွင့်ရရှိခဲ့ပေမယ့် ဒီဘာလာက ၂၂ဂိုးအထိ ရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အေစီမီလန်ကို ပြောင်းရွှေ့သွားပြီးနောက်မှာ ဟီဂူအင်အတွက် ပိုမိုပြီး အခက်တွေ့ဖွယ် ရှိနေပြီး ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ အခြားတိုက်စစ်မှူးတွေထက် အနည်းငယ် အားလျော့မှုတွေ ရှိလာခဲ့ပါတယ်။

 

(၃) အီမိုဘီလီ (လာဇီယို)

Photo : football365

 

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ စီးရီးအေဂိုးသွင်းဘုရင် အီမိုဘီလီက ရော်နယ်ဒို ရောက်ရှိလာခြင်းက သူ့အတွက် ငွေဖိနပ်တောင် မသေချာတော့ဘူးလို့ ရိုးသားစွာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လာဇီယိုအတွက် (၃၃)ပွဲ ကစားပေးပြီး (၂၉)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီမိုဘီလီဟာ ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် အီကာဒီနဲ့ သွင်းဂိုးတူပေမယ့် ရွှေဖိနပ်ဆုကို နှာတဖျားအသာနဲ့ ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ၉၃ မိနစ်ကစားတိုင်းမှာ တစ်ဂိုးနှုန်း သွင်းယူလေ့ရှိတာမို့ တစ်ပွဲကို တစ်ဂိုးသွင်းယူနိုင်တဲ့ အနေအထားမျိုးကို ပိုင်ဆိုင်နေတဲ့ အီမိုဘီလီက ရော်နယ်ဒိုအတွက် အဓိက ပြိုင်ဘက်ဖြစ်လာဖွယ် ရှိနေပါတယ်။ လက်ရှိ ရွှေဖိနပ်ဆုပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ နဲ့ ကာကွယ်နိုင်ဖို့ အီမိုဘီလီမှာ အရည်အသွေး အပြည့်အ၀ ရှိနေပါတယ်။

 

(၄) အီကာဒီ (အင်တာမီလန်)

Photo : football365

 

အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီကတော့ အင်တာမီလန်အတွက် ဂိုးသွင်းစက်တစ်လုံးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ (၃၄)ပွဲ ကစားပြီး (၂၉)ဂိုးအထိ ရယူနိုင်ခဲ့တဲ့ အီကာဒီဟာ ရွှေဖိနပ်ဆုကို ဂိုးဖန်တီးမှု နည်းပါးမှုကြောင့် အီမိုဘီလီ လက်ထဲ ထည့်ပေးခဲ့ရပါတယ်။ ဒါဟာ အီကာဒီအတွက် မခံချိ၊မခံသာ ဖြစ်စေခဲ့မှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ပွဲကစားချိန် (၁၀၂)မိနစ် ကစားပြီးတိုင်း သွင်းဂိုး (၁)ဂိုး ရယူနိုင်တာကြောင့် အီကာဒီရဲ့ ဂိုးသွင်းစွမ်းရည်ကလည်း တော်တော်လေးမြင့်မားတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ စီးရီးအေ ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲမှာ အီကာဒီကလည်း ရော်နယ်ဒိုအတွက် အကြီးမားဆုံး ပြိုင်ဘက်တစ်ဦးအဖြစ် ရပ်တည်နေနိုင်တာ သေချာပါတယ်။

 

(၅) ဂျက်ကို (ရိုးမား)

Photo : football365

 

၂၀၁၆-၁၇ ဘောလုံးရာသီမှာ ရိုးမားအတွက် သွင်းဂိုး (၂၉)ဂိုး ရယူနိုင်ခဲ့တဲ့ ဂျက်ကိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ သွင်းဂိုး (၁၆)ဂိုးသာ ရရှိခဲ့ပါတယ်။ ရိုးမားအတွက် အမှတ်ပေးပွဲ (၃၆)ပွဲ ကစားပေးခဲ့ပြီး (၁၆)ဂိုးသွင်းယူကာ (၄)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တဲ့ ဂျက်ကိုကိုလည်း ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုစာရင်းကနေ ထုတ်ပယ်ထားမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ပယ်နယ်တီဧရိယာထဲမှာ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ဂျက်ကို ရပ်တည်နေမှုက သူ့ရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက်အရွယ်၊ လိဂ်အတွေ့အကြုံ နဲ့ ပင်ကိုယ်စွမ်းရည်တို့က ဂျက်ကို ကိုလည်း ရွှေဖိနပ်ဆုပြိုင်ပွဲမှာ နေရာတစ်ခု ရရှိစေခဲ့ပါတယ်။

 

(၆) ဒီဘာလာ (ဂျူဗင်တပ်စ်)

Photo : football365

 

ပြီးခဲ့တဲ့ရာသီက စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ထိပ်ဆုံး (၁၀)ဦး စာရင်းထဲမှာ ဒီဘာလာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ (၁၀)ဦးထဲမှာ ပွဲချိန်အနည်းဆုံး ကစားခဲ့ရသူက ဒီဘာလာဖြစ်ပြီး အီမိုဘီလီထက် မိနစ် (၃၀၀)ကျော် နည်းပါးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဘာလာဟာ ဂိုးသွင်းအများဆုံး စာရင်းမှာ တတိယနေရာ ရပ်တည်နိုင်ခဲ့ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေထက် ဂိုးသွင်းအား ပိုကောင်းတဲ့ ကစားသမားအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ရောက်ရှိလာပေမယ့်လည်း ဒီဘာလာအတွက် အခန်းကဏ္ဍက မှေးမှိန်သွားမှာ မဟုတ်တာတော့ သေချာပါတယ်။ ကြံ့ခိုင်မှုသာ ပြည့်ဝနေခဲ့မယ်ဆိုရင် ဒီဘာလာအတွက်လည်း ရွှေဖိနပ်ဆုဆိုတာ လက်တစ်ကမ်းအကွာမှာ ရှိနေတဲ့ မျှော်လင့်ချက်အဖြစ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က