ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးသစ် ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က တူရင်ကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ကစားသမားသစ်ဘဝအတွက် အသင်းသစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။ တနင်္လာနေ့မှာ ရော်နယ်ဒိုဟာ သူ့ရဲ့ ဂျူဗင်တပ်စ် ကစားသမားဘ၀ ပထမဆုံးအကြိမ် လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Photo : Daily Mail
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အနားယူနေခဲ့တဲ့ ရော်နယ်ဒိုရဲ့ အားလပ်ချိန်တွေဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ပရိသတ်တချို့ဟာ ရော်နယ်ဒိုကို လေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ကြပြီး သူတို့ရဲ့ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့နဲ့ ရော်နယ်ဒိုဟာ ရောက်ရှိလာခဲ့ပြီး သားငယ်ကို ချီပိုးကာ လေယာဉ်ပေါ်က ဆင်းလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ
Photo : Daily Mail
အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်အသင်းကတော့ အမေရိကမှာ ICC ပွဲစဉ်များ ကစားဖို့ ရောက်ရှိနေခဲ့ပြီး ယူရိုသန်း ၁၀၀တန် တိုက်စစ်မှူးမပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ CR7 အတွက် တရုတ်ကို ရောက်ရှိနေခဲ့ပြီး အဆိုပါခရီးစဉ်မှာ သူ့ရဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း လိုက်ပါသွားခဲ့ပါတယ်။
Photo : Daily Mail
တနင်္လာနေ့မှာတော့ အသင်းဖော်သစ်တွေနဲ့အတူ ရော်နယ်ဒိုဟာ လေ့ကျင့်ခန်းဆင်းမယ်လို့ သိရပါတယ်။ ဟီဂူအင်၊ ဒေါက်ဂလပ်စ်ကော်စတာ၊ ရိုဒရီဂိုဘန်တန်ကာ၊ မန်ဇူကစ်၊ ပီဂျာကာ၊ မာတွီဒီတို့ဟာလည်း ရော်နယ်ဒိုနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်ကနေ ပြန်လည်ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
Photo : Daily Mail
ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းသား ပထမဆုံးပွဲစဉ်ကတော့ သြဂုတ်လ (၁၉)ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမယ့် ၂၀၁၈-၁၉ စီးရီးအေဘောလုံးရာသီရဲ့ အဖွင့်ပွဲဖြစ်တဲ့ ချီယေဗိုအသင်းနဲ့ ပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ ရော်နယ်ဒို ပါဝင်ကစားသွားမယ်လို့ သိရပြီး ဒါဟာ ရော်နယ်ဒိုအတွက်တော့ အီတလီမြေစွန့်စားခန်း ပထမဆုံးခြေလှမ်းဖြစ်လာတော့မှာ ဖြစ်ပါတယ်။