အင်္ဂလန်ပရိသတ်တွေဟာ ဒီနေ့ည ကစားမယ့် သူတို့အသင်းရဲ့ ပွဲစဉ်မတိုင်ခင်မှာတင် ကွာတားဖိုင်နယ်မှာ တွေ့မယ့် ပြိုင်ဘက်ကို ကြိုတင်လေ့လာနေကြပါပြီ။ အင်္ဂလန်ဟာ ဒီညမှာ ဆလိုဗက်ကီးယားနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲကို ကစားရမှာပါ။

ဒီပွဲကို အနိုင်ရခဲ့ရင်တော့ တစ်ဖက်မှာ ကွာတားဖိုင်နယ် တက်နှင့်ပြီးသား ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရပါမယ်။ ဆွစ်ဇာလန်ဟာ မနေ့ညက ကစားခဲ့တဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်မှာ အီတလီကို နှစ်ဂိုးပြတ်နဲ့ ခြေစွမ်းပြ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ အုပ်စုတွင်းမှာလည်း ဂျာမနီကိုတောင် အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ဒီလိုမျိုး ဆွစ်ဇာလန်အနေနဲ့ အင်္ဂလန်သာ ကွာတားတက်လာခဲ့ရင် နောက်ထပ် ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အင်္ဂလန်ကတော့ အုပ်စုကိုတောင် လိမ်ဖယ်လိမ်ဖယ်နဲ့ ဖြတ်ကျော်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ဒီနေ့ညမှာလည်း ရုန်းကန်ရလိမ့်ဦးမယ်လို့ ပရိသတ်အချို့က ယူဆနေကြပေမယ့် အင်္ဂလန်ပရိသတ်တွေက ဆွစ်ဇာလန်ကိုတောင် ကြိုတင်လေ့လာနေကြပြီဖြစ်ပါတယ်။
ဆွစ်ဇာလန်တိုက်စစ်ကစားသမား ဗားဂတ်စ်ဟာ အီတလီနဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက ကွာတားဖိုင်နယ်ရောက်တဲ့အခါ ဆွစ်ဇာလန် ကစားသမား ဗီးဂတ်စ်ကို သတိထားဖို့ ကစားသမားတွေကို တိုက်တွန်းနေကြတာဖြစ်ပါတယ်။