အ‌ခြေခံလူတန်းစားတွေကို အထောက်ပံဖြစ်စေဖို့ ကြက်ဥ (၃) လုံး ကို ကျပ် ၂၀၀ နဲ့ အပတ်စဥ် တစ်ပတ် တစ်ရက် ရောင်းချပေးသွားမယ်လို့ စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း က သိရပါတယ်။



 ရန်ကုန် ဒဂုံအရှေ့ ၇/၈ ဂိတ်ဟောင်းလမ်းဆုံ၊ ငထွေးရူးလမ်းမကြီး သူထက်စံ မုန်ဟင်းခါးဆိုင် နေရာမှာ ရောင်းချတာဖြစ်ပြီးတော့ ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေမှာရောင်းချပေးခဲ့ပါတယ်။

" အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်တယ် ဦးရာလူစနစ်နဲ့ရောင်းချမယ် စနေ၊တနင်္ဂနွေ တစ်ရက်ရက်ပေါ့။ အပတ်တိုင်းကြက်ဥ သုံးလုံး ၂၀၀ နဲ့ရောင်းမှာပါ။ ကြက်ဥအလုံး ကိုးရာ လူအ‌ယောက် သုံးရာစာပါ။ နောက်ဒီထက်များဖို့လည်းရှိပါတယ် " လို့စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း အတွင်းရေးမှူး ကိုဝေဖြိုးအောင် ကပြောပါတယ်။

ကြက်ဥအပြင် အခြေခံလူတန်းစားတွေအတွက် ကျပ် ၂၀၀ တန် ဘဲဥတစ်လုံးသီးစုံပဲကုလားဟင်းကိုပါ ရောင်းချပေးမှာဖြစ်တယ် လို့လည်း ကိုဝေဖြိုးအောင် ကပြောပါတယ်။

 " ကြက်ဥစျေးကလည် းကြီးတော့ သုံးလုံး ၂၀၀ နဲ့ဆို အဆင်ပြေပါတယ်။ အခုလို ကုန်စျေးနှုန်းတက်တာလေးကို နိုင်တဲ့ဘက်က စျေးလျော့ရောင်းပေးရင်တော့ အခြေခံလူတန်းစားတွေအတွက် ကုန်စျေးနှုန်းပြဿနာကို နည်းနည်းအထောက်အကူဖြစ်တာပေါ့ " လို့ ဒဂုံအရှေ့ ၁၃၃ ရပ်ကွက် မှာ နေထိုင်တဲ့ ကိုရဲ က ပြောပါတယ်။

အခု ချိန်မှာတော့ ရန်ကုန်အပြင် အခြားမြို့နယ်တွေမှာလည်း ကျပ် ၅၀၀ တန်ထမင်းဟင်း၊ ကျပ် ၅၀၀ တန် ဒံပေါက် တွေကို အခြေခံလူတန်းစားတွေအတွက် ရောင်းချမှုတွေ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က