• အကယ်ဒမီအတွက် ရင်ခုန်နေပြီဆိုတဲ့ ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူူးမြင့်

မထင်မှတ်တာတွေအများကြီး ဖြစ်လာခဲ့ပြီတဲ့။


ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်က အကယ်ဒမီပွဲအတွက် အရမ်းကို ရင်ခုန်နေပါပြီ။ အကယ်ဒမီပွဲမှာ အကယ်ဒမီ ရွှေကြိုအဖြစ် ပါဝင်ခွင့်ရခဲ့သူလေးပါ။
image

အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်က ၂၀၁၈ခုနှစ်အတွက် ပေးအပ်မယ့် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီ ရွှေကြိုအဖြစ် ပါဝင်ရသူပါ။ သူမကတော့ မတ်လ(၂၃) ရက်နေ့မှာ ကျင်းပတော့မယ့် အကယ်ဒမီပွဲကြီးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။

image

Photo : သဇင်ထူးမြင့်

ငယ်ငယ်ကတည်းက အကယ်ဒမီပေးပွဲလာပြီဆိုရင် TV ရှေ့ပြေးပြီးအားပေးခဲ့ရတာဖြစ်ပြီးဒီနှစ်ပွဲမှာတော့ ကိုယ်တိုင်ပါဝင်ဆင်နွဲခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပြီတဲ့။

“ငယ်ငယ်တည်းက ဒီလိုပွဲနေ့တိုင်းဖေဖေနဲ့မေမေ ပွဲတက်တာကိုအိမ်မှာဝိုင်းကူပြီး ပြင်ဆင်ပေး တယ်။ ပြီးရင်အိမ်မှာTVကနေ ဖေဖေတို့interview တွေစောင့်ကြည့်ခဲ့ကြတယ်။ အဲ့လိုနေ့ဆိုကျူရှင်ရှိခဲ့ရင် ခွင့်ပါယူတာမုန့်တွေလည်းအများကြီးဝယ်ထားတယ်။ မလွတ်အောင်ထိုင်ကြည့်တာ ကြော်ငြာဝင် ရင်အခြားတစ်လိုင်းပြောင်းတယ်။ လိုင်းတွေအကုန်ချိန်းပြီးကြည့်လို့လူကြီးတွေပါမူးကုန်တယ်နောက်တော့အကိုနေရဲလည်းပွဲတက်တော့ အိမ်မှာပွဲတက် တဲ့သူ၃ယောက်ဆိုတော့ပိုပြီးဝိုင်းလုပ်ပေးကြတယ်။ အဲ့ချိန်ထိလည်းဒီလိုပွဲကြီးကိုတက်ခွင့်ရှိလာလိမ့်မယ်မထင်ခဲ့မိဘူး။”ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : သဇင်ထူးမြင့်

လက်ရှိအချိန်မှာတော့ သူမအတွက် မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ပါပြီလို့ ဆိုပါတယ်။ အကယ်ဒမီပေးပွဲနေ့မှာလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပ့ါမယ်ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။ သဇင်ထူးမြင့်ဟာ မကြာခင်မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ရွှေကြိုမယ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါပြီ။

သဇင်ထူးမြင့်က လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို အကျေနပ်ဆုံးဖြစ်တယ်လု့ိ ဆိုပါတယ်။ သူမလေးဟာ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်ပါတယ်။

''ညီမအနေနဲ့တော့ အရမ်းကိုကောင်းတဲ့ မိသားစုလေးပါ။ ဖေဖေတို့ရဲ့ သမီးဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်။ ညီမတို့ မိသားစုပုံစံ လေး ကတော့ ပေါ့ပေါ့ပါးပါးပါပဲ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရ လို့ လည်း အရမ်းကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က