• Featured

    အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတဲ့ အောင်သူ့အဖြစ်

ပရာချပ်မှာ ကစားခွင့် ဆုံးရှုံးလိုက်ရပါပြီ။

အောင်သူကို ပရာချပ်က ခေါ်ချင်နေတာ အသင်းပိုင်ရှင် ဒေါက်တာစိုင်းက မသိသလို သိချိန်မှာတော့ နောက်ကျ သွားခဲ့လို့ အောင်သူအနေနဲ့ ပရာချပ်အသင်းကို သွားကစားခွင့် လက်လွှတ်ခဲ့ရပါပြီ။

image

ရတနာပုံ တိုက်စစ်မှူး အောင်သူကို တစ်လ အမေရိကန် ဒေါ်လာ အနည်းဆုံး ၈၀၀၀ ကနေ အများဆုံး ၁၀၀၀၀ အထိ ပေးပြီး ထိုင်းလိဂ်-၁ ကလပ် ပရာချပ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့် အောင်သူကတော့ သွားမကစားနိုင် တော့ဘူးလို့ သိရပါတယ်။

မြန်မာ စပယ်ရှယ် အေးဂျင့် ကိုရဲနိုင်ဝင်းက အောင်သူအတွက် ရတနာပုံအသင်း GMကို ဖုန်းနဲ့ ဆက်သွယ်ပြီး ပရာချပ် အသင်းရဲ့ လိုလားချက်ကို ပြောခဲ့ကာ အကြောင်းပြန်မှုကို စောင့်ခဲ့တယ်လို့ DuwunSportsကို ပြောခဲ့ ပါတယ်။

image

DuwunSportsts အနေနဲ့လည်း အသင်းပိုင်ရှင်ဒေါက်တာစိုင်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဒေါက်တာစိုင်းကိုယ်တိုင်က ပရာချပ်အသင်းရဲ့ ကမ်းလှမ်းမှုကို မသိရှိတဲ့အကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး အောင်သူက ဆန္ဒရှိရင်တော့ ခွင့်ပြုပေးသွားမယ်လို့ ဆိုလာပါတယ်။



လက်ရှိမှာတော့ ပရာချပ်အသင်းက အောင်သူကို စောင့်ဆိုင်းရတာ ကြာခဲ့တဲ့အတွက် အောင်သူ့နေရာမှာ လာအို နဲ့ ဖိလစ်ပိုင် ကွင်းလယ်လူတွေကို အာဆီယံ ကစားသမားအဖြစ် အစားထိုးခေါ်ယူခဲ့ပြီလို့ သိရပါတယ်။

ထိုင်းလိဂ်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အပြောင်းအရွှေ့ ပိတ်မှာ ဖြစ်တာကြောင့် မြန်မာစပယ်ရှယ် အေးဂျင့် ကိုရဲ နိုင်ဝင်းကတော့ သူ့အတွက် ထိုင်းလိဂ်-၁ မှာကစားနိုင်ဖို့ အသင်းသစ် တစ်သင်းကို ထပ်မံရှာဖွေသွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုစာမျက်နှာမှာ ရေးသားဖော်ပြလာပါတယ်။

အောင်သူကတော့ ထိုင်းလိဂ်-၁ ကလပ်တွေဖြစ်တဲ့ Police Tero ၊ မြောင်တောင်အသင်းတွေမှာ တစ်နှစ်စီ ကစားထားပြီး ဒီနှစ်မှာတော့ မိခင်ကလပ် ရတနာပုံအသင်းမှာ ပြန်ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က