• အလီရဲ့အင်တာဗျူးကြောင့် အငိုမတိတ်နိုင်အောင်ဖြစ်ခဲ့ရတဲ့ မိခင်

သူ့သား ဒီလိုခံစားခဲ့ရတာကို မိခင်ဖြစ်သူက မသိရှိခဲ့ပါဘူး။

အလီက ဂယ်ရီနဗီးလ်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက် (၆) နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူရဲ့ သူငယ်ချင်းက လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်တာကို ခံခဲ့ရဖူးကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ အလီက သူ့ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်ခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြခဲ့ပြီး ငိုကြွေးခဲ့ပါတယ်။

image

အလီရဲ့ ဒီအင်တာဗျူးနဲ့ပတ်သက်လို့လည်း မွေးစားမိဘရှိ၊ မရှိဆိုတာကို အငြင်းပွားစရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိခင်အရင်းဖြစ်သူကတော့ အလီ ဒါမျိုး ကျူးလွန်ခံခဲ့ရတာကို မသိရှိခဲ့ဘဲ ဒီအင်တာဗျူးကို ကြည့်ရှုပြီးတဲ့နောက် အငိုမရပ်နိုင်ဖြစ်နေရကြောင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါ မိခင်ဟာ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့သူတစ်ဦးပါ။

image

လက်ရှိအချိန်မှာ ဒန်းနစ်လို့အမည်ရတဲ့ အဆိုပါအမျိုးသမီးက “ကျွန်မသား ကလေးဘဝမှာ ခံစားခဲ့ရတာတွေကို သိရှိပြီးတဲ့နောက် ကျွန်မ အငိုမရပ်နိုင်အောင် ဖြစ်နေရပါတယ်။ သူ ဒီလိုမျိုး ကျူးလွန်ခံခဲ့ရတာကို ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မရဲ့ အိမ်ကို ဝင်ခွင့်ရနေတဲ့သူက ကျွန်မရဲ့ ယုံကြည်မှုကို ဒီလိုမျိုး အဆိုးရွားဆုံးနည်းလမ်းနဲ့ အလွဲသုံးစားလုပ်ခဲ့တာက ကျွန်မ အသည်းနှလုံးကို ကြေမွစေပါတယ်”

“သားနဲ့ အဆက်အသွယ်မရှိတဲ့နောက် ကျွန်မ ဘယ်လောက်အထိ စိတ်ပျက်လက်ပျက်ဖြစ်နေရလဲဆိုတာကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ မျှော်လင့်တာတစ်ခုပဲရှိပါတယ်။ ကျွန်မ အလီနဲ့ တစ်ခါလောက် ပြန်တွေ့ခွင့်ရဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အလီဟာ အသက် (၁၂) နှစ်အရွယ်မှာတော့ မွေးစားမိဘတွေရဲ့ မွေးစားခြင်းကို ခံလိုက်ရပါတယ်။

အဲ့ဒီနောက် MK Dons လူငယ်အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီမှာပဲ သူက စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အလီက စပါး၊ ဘက်ဆစ်တပ်တို့မှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်မှာ ကစားလျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က