• အမှုရှုံးပြီးနောက် Pixel ဖုန်းအပါအဝင် Google ထုတ်ကုန်တချို့ တင်သွင်းခွင့်ပိတ်ခံရဖို့ရှိနေ

Import Ban လုပ်ခံရဖို့ ရှိပါတယ်

Sonos ရဲ့ နည်းပညာမူပိုင်ခွင့် ၅ မျိုးကို Google ခိုးယူခဲ့ကြောင်း အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်မရှင်က အမိန့်ချမှတ်ခဲ့ပါတယ်။ 

၂၀၂၀ ခုနှစ်က စပြီး Google နဲ့ Sonos အကြား မူပိုင်ခွင့်ဥပဒေချိုးဖောက်ကြောင်း တရားစွဲမှု ရှိခဲ့တာ ဖြစ်ပါတယ်။ Sonos က သူ့ပိုင် နည်းပညာတွေကို Google ထုတ်ကုန်တွေမှာ ခိုးယူအသုံးပြုနေတယ်ဆိုပြီး တရားစွဲခဲ့တာပါ။ ဒီအမှုကို စစ်ဆေးတဲ့ အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် ITC က Google ဟာ Sonos နည်းပညာမူပိုင်ခွင့် ၅ ခုစလုံးကို အမှန်တကယ် ချိုးဖောက်မှုရှိခဲ့တယ်လို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ 

image

Photo: breitbart

အမေရိကန်စမတ်စပီကာလုပ်ငန်းတစ်ခုဖြစ်တဲ့ Sonos ရဲ့ နည်းပညာ ၅ မျိုးကို မူပိုင်ခွင့်ဥပဒေချိုးဖောက်ပြီး Google ထုတ် Chromecast ၊ Google Home စပီကာ ၊ Pixel စမတ်ဖုန်းတွေနဲ့ Pixelbook ကွန်ပျူတာတွေမှာ သုံးထားတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထုတ်ကုန်အများစုက တရုတ်မှာ ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။ မူပိုင်ခွင့်ဥပဒေနဲ့ ငြိစွန်းနေတဲ့ ထုတ်ကုန်တွေကို အမေရိကန်ပြည်ထောင်စုအတွင်း တင်သွင်းခြင်း မပြုဖို့လည်း တရားရုံးက ကြေညာပါတယ်။ 

သွင်းကုန်ပိတ်မှု Import Ban ကို လာမယ့် ရက် ၆၀ အတွင်း လုပ်ဆောင်သွားဖို့ ရှိပြီး အမှုကို သမ္မတဆီ အယူခံတင်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုနောက်ဆုံး စီရင်ချက်အရ Google ကို Import Ban နဲ့ ဒဏ်ရိုက်သွားဖို့ ရှိနေပါတယ်။ Google ကတော့ ITC ရဲ့ ဒီစီရင်ချက်ပေါ် ကျေနပ်မှု မရှိဘဲ Sonos ရဲ့ စွပ်စွဲမှုတွေကို ဆက်ပြီး ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။ 

ချိုးဖောက်ခံရကြောင်း ပြောထားတဲ့ မူပိုင်ခွင့်တွေထဲမှာ တချို့က စပီကာနဲ့တခြားထုတ်ကုန်တွေလိုမျိုး ချိတ်ဆက်ထားတဲ့ ထုတ်ကုန်တွေရဲ့ အသံတိုး/ချဲ့စနစ်ကို ထိန်းချုပ်ဖို့ ဖုန်း Volume ခလုတ်တွေကို သုံးတဲ့ နည်းပညာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Sonos ရဲ့ ကိုယ်ပိုင်နည်းပညာတစ်မျိုးဖြစ်တဲ့ အိမ်ထဲက အခန်းအများကြီးမှာ သီချင်းသံကို Volume အတူတူ ရောက်ရှိအောင် ချိန်ညှိတဲ့ Multi-Room Speaker နည်းပညာနဲ့ ဆိုင်တဲ့ မူပိုင်ခွင့်ကိုလည်း Google က တရားမဝင် ယူသုံးထားပါတယ်။ 

အခုလို နည်းပညာမူပိုင်ခွင့် ၅ ခုလုံး ချိုးဖောက်မှုမှာ အပြစ်ရှိကြောင်း Google ကို တရားရုံးက စီရင်တဲ့အပေါ် Sonos ကတော့ အခုလို ကန့်ကွက်သူမရှိ အမှုအနိုင်ရမှုဟာ မူပိုင်ခွင့်ကိစ္စတွေမှာ အံ့အားသင့်စရာ ရှားပါးတဲ့ အောင်နိုင်မှုလို့ ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က