• ဘာစီလိုနာရဲ့ ဂန္ထဝင်ကျောနံပါတ်ကို ဝတ်ဆင်ခွင့် ရရှိခဲ့တဲ့ ကော်တင်ဟို

ဖီဂို နဲ့ ဒေးဗစ်ဗီလာတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ရာသီသစ်မှာ ကျောနံပါတ်အသစ်ကို ဝတ်ဆင်ကစား သွားမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် ကျောနံပါတ် (၇)ကို ကော်တင်ဟိုက ဝတ်ဆင်ကစားခွင့် ရရှိခဲ့ပြီး ယခင် ဝတ်ခဲ့တဲ့ ကျောနံပါတ်  (၁၄)အစား ပြောင်းလဲ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

image

Photo : Fotmob

 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဘာစီလိုနာကို ရောက်ရှိခဲ့တဲ့ ကော်တင်ဟိုဟာ ဂျာဗီယာမာရှေရာနို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄)ကို ဆက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာရဲ့ ဂန္ထဝင်ကျောနံပါတ် တစ်ခုကို ဝတ်ဆင်ခွင့့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

image

Photo : AS

 

ကျောနံပါတ် (၇)ကို ဝတ်ဆင်ခဲ့တဲ့ ဘာစီလိုနာရဲ့ နာမည်ကျော် ကစားသမားတွေကတော့ လူးဝစ္စဖီဂို၊ ဟင်းနရစ်လာဆင် နဲ့ ဒေးဗစ်ဗီလာတို့ဖြစ်ပြီး အဆိုပါကစားသမားတွေဟာ အသင်းနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ပရိသတ်အကြိုက် ကစားသမားအဖြစ် ခြေစွမ်းပြခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

Photo : AS

 

ကော်တင်ဟိုဟာ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဘာစီလိုနာအသင်းမှာ အချိန်တိုအတွင်း အထိုင်ကျခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အသင်းအတွက် သွင်းဂိုး (၈)ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး အမှတ်ပေးဖလားနဲ့ စပိန်ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်အားသန်ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo : AS

 

ကော်တင်ဟို ကျောနံပါတ်အသစ် ဝတ်ဆင်ကစားမယ့် အကြောင်းကို ဘာစီလိုနာအသင်းကလည်း အတည်ပြုကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာတော့ ကော်တင်ဟိုကို ကျောနံပါတ် (၇) နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပြီး ဖီဂို၊ ဒေးဗစ်ဗီလာတို့လိုပဲ ဘာစီလိုနာအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်မှာလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က