• (၂၁)ရာစုရဲ့ လာလီဂါ ဂိုးဖန်တီးမှုအများဆုံး ကစားသမားဖြစ်လာတဲ့ မက်ဆီ

ဥရောပထိပ်တန်းလိဂ် (၅)ခုမှာပါ မက်ဆီက ထိပ်ဆုံးက ရှိနေတာပါ။

ဟူစကာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်မှာ မက်ဆီအတွက် လာလီဂါမှာ ၃၁ကြိမ်မြောက် ဟက်ထရစ်ရရှိမယ့် အခွင့်အရေးအဖြစ် ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပေမယ့် မက်ဆီဟာ အသင်းဖော်ဆွာရက်ဇ်ကို ပယ်နယ်တီ ကန်သွင်းစေခဲ့ပြီး ဂိုးရရှိစေခဲ့ပါတယ်။

image

Photo : Sportbible

 

ဘလွန်းဒီအောဆု (၅)ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ဟူစကာနဲ့ပွဲအပြီးမှာတော့ (၂၁)ရာစုအတွင်း လာလီဂါမှာ ဂိုးဖန်တီးမှု (၁၅၀)ကြိမ် ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ OptaJose က ဒီအချက်အလက်မှတ်တမ်းကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး မက်ဆီအတွက် သွင်းဂိုးတွေသာမက ဂိုးဖန်တီးမှုအတွက်ပါ သမိုင်းစံချိန်တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

ဖီဖာအကောင်းဆုံးဆုနဲ့လည်း လွဲချော်ခဲ့ရပြန်တဲ့ မက်ဆီ 

Photo : Sportbible

 

ဥရောပထိပ်တန်းလိဂ် (၅)ခုစလုံးမှာ မက်ဆီက ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့နောက်မှာတော့ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်က (၁၄၃)ကြိမ်၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က (၁၂၈)ကြိမ်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက (၁၂၂)ကြိမ် နဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ ဒန်နီအဲဗက်စ်က (၁၁၀)ကြိမ်နဲ့ ရပ်တည်နေခဲ့ပါတယ်။

Photo : Sportbible

 

ဒါ့အပြင် OptaJose က မက်ဆီရဲ့ ဂိုးရရှိဖို့ အသင်းဖော်တွေကို ထောက်ပံ့ပေးခဲ့မှုမှာ အကျိုးအမြတ် အများဆုံး ရရှိခဲ့တဲ့ အသင်းဖော် ကစားသမား (၅)ဦးကိုလည်း ဖော်ပြသွားခဲ့ပါတယ်။ အဲဒီကစားသမားတွေကတော့ ဆွာရက်ဇ်က (၂၃)ဂိုး၊ လက်ရှိချယ်လ်ဆီး ကစားသမား ပက်ဒရိုက (၁၄)ဂိုး၊ ဆင်မြူရယ်အီတူးက (၁၃) ဂိုး၊ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက (၁၂) ဂိုးနဲ့ ဒေးဗစ်ဗီလာက (၁၀)ဂိုးစီ မက်ဆီကြောင့် သွင်းဂိုးများ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo : Sportbible

 

လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ တွဲဖက်ကစားနေတဲ့ ကစားသမားအဖြစ် ဆွာရက်ဇ် တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး ကျန်ကစားသမား (၄)ဦးကတော့ အခြားကလပ်အသင်းများမှာ ကစားနေကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်တွေအဖြစ် ဇာဗီနဲ့ အင်နီယေစတာတို့ ရပ်တည်ခဲ့ပေမယ့်လည်း မက်ဆီဟာ အသင်းအတွက် ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမားအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က