• အစိုးရအနေနဲ့ လစဉ်အလုပ်အကိုင်ပေါင်း ၄ သောင်းခန့်သာဖန်တီးပေးနိုင်သေး

အလုပ်အကိုင်တွေ သန်းနဲ့ချီပြီးဖန်တီးပေးဖို့လိုနေဆဲပါ။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ပြည်ပမှာ အလုပ်အကိုင်လုပ်ကိုင်ဖို့ အလုပ်သမား ၂ သိန်းကျော်စေလွှတ်ခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

image

Photo - ILO

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လစဉ်ပျမ်းမျှ အလုပ်သမား ၂ သောင်းလောက်ကိုပြည်ပကို စေလွှတ်နေပြီးတော့ ပြည်တွင်းမှာလည်း အလုပ်အကိုင်ပေါင်း ၂ သောင်းလောက်ကို ဖန်တီးပေးနေတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

အစိုးရအနေနဲ့ သန်းနှင့်ချီသော အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိဘူးဆိုရင် ဆိုးကျိုးများစွာရှိနိုင်တယ်လို့ UNFPA ကဆိုပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မတိုင်မီမှာ အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သန်းကျော်ကို ဖန်တီးပေးရန်လိုအပ်နေတယ်လို့ ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ကြီးကထောက်ပြထားပါတယ်။

၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေကို လူဦးရေခန့်မှန်းချက် သုတေသနစာတမ်းအရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ၂၀၅၀ ခုနှစ်မှာ ၆၅ သန်းခန့်ရှိလာမှာဖြစ်တာကြောင့် ၂၀၃၀ ခုနှစ်အထိ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၇ သန်းလောက်ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တွက်ချက်မှုအရ ၂၀၁၅ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အတွက် လူဦးရေတိုးနှုန်းဟာ အလယ်အလတ်အဆင့်တွက်ချက်မှုအရ ရန်ကုန်တိုင်းဒေသကြီးမှာတောင် ၂၀၃၁ ခုနှစ်မှာ လူဦးရေ (၁၀.၅) သန်းလောက်ရှိနေတာကြောင့် အလုပ်အကိုင်တွေ ဒီထက်ပိုပြီးဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ UNFPA စစ်တမ်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က