• “အတွေ့ချင်ဆုံးအသင်းက ယူနိုက်တက်အသင်းပဲ” လို့ဆိုလာတဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်း

ယူနိုက်တက်နဲ့ပတ်သက်လို့ ဟာလန်းက ပြောကြားခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းက မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ ဆုံတွေ့ချင်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ လက်ရှိနွေရာသီစျေးကွက်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားပါ။

image

အသက် (၂၁) နှစ်အရွယ် အဆိုပါတိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရပေမယ့် မန်စီးတီးရဲ့ လျင်လျင်မြန်မြန် လှုပ်ရှားမှုနဲ့အတူပဲ မန်စီးတီးကိုသာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားဟာ မန်စီးတီးမှာ ကျောနံပါတ် (၉) ကို ဆက်လက်ဝတ်ဆင်ကစားသွားမှာပါ။

image

“ဘယ်အသင်းနဲ့ အတွေ့ချင်ဆုံးလဲ” ဆိုတဲ့သတင်းထောက်ရဲ့ မေးခွန်းအပေါ်မှာတော့ ဟာလန်းက “ကျနော်ပြောတော့ ပြောရမှာပါ။ ဒါပေမယ့် ကျနော်က စကားတွေ သိပ်အများကြီးမပြောချင်ပါဘူး။ ဒါပေမယ့် ကျနော် ယူနိုက်တက်နဲ့ တွေ့ချင်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းရဲ့အဖေ အယ်လ်ဖီဟာလန်းဟာ ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ဖျက်ထုတ်မှုကြောင့် ဆိုးရွားတဲ့ ဒူးဒဏ်ရာကိုရရှိခဲ့ဖူးတာပါ။

ဒီလိုမျိုးဟာလန်းတို့ သားအဖနဲ့ ယူနိုက်တက်တို့အကြား အတိတ်က အမုန်းတရားတွေရှိနေခဲ့ပြီးနောက် ဟာလန်းက အခုလိုမျိုး ပြောကြားခဲ့တာက လာမယ့်မန်ချက်စတာဒါဘီပွဲတွေမှာ ပိုမိုစိတ်ဝင်စားစရာကောင်းနေတော့မှာ သေချာပါတယ်။ မန်စီးတီးကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပေါ်မှာလည်း ဟာလန်းက အခုလိုမျိုး ပြောကြားခဲ့ပါသေးတယ်။

“ကျနော် မန်စီးတီးနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီနေရာကနေ အစပြုရတော့မှာပါ။ နောက်ဆုံးမှာ ကျနော်က မန်စီးတီးအတွက် ကစားပေးရမယ်ဆိုတာကို ကျနော့်အစာအိမ်ထဲကနေပါ ခံစားခဲ့ရပြီး သူတို့ရဲ့ ကစားပုံကအစ ကျနော် မန်စီးတီးအတွက် ခံစားချက်ရှိခဲ့ပါတယ်။ မနှစ်ကလည်း ကျနော် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ခဲ့ဖူးပါတယ်”

“တီဗီထဲမှာကြည့်တာနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့အသင်းတသင်းပါ။ ကျနော် (၂၅) မိနစ်လောက် ဘောလုံးမထိလိုက်ရဘဲ ဂွန်ဒိုဂန်ကို တီကီတာကာ ကစားတာ ရပ်ပါတော့လို့ ပြောရတော့မလိုပါပဲ။ မန်စီးတီးရဲ့ ကစားပုံက မတူညီတဲ့ အဆင့်တခုမှာရှိနေပြီး ကျနော်က ဒီအသင်းရဲ့ အစိတ်အပိုင်းတခုဖြစ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က