• မက်ဂွိုင်းရားနဲ့အလုပ်တွဲလုပ်ဖို့ရှိပြီး ကလော့ပ်နဲ့ဂွါကြီးခေတ်ကိုအဆုံးသတ်ပေးမယ်လို့ တန်ဟက်ခ်ပြော

အဲရစ်တန်ဟက်ခ်က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ အသင်းရဲ့လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို ချီးကျူးပြီး ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ ပရီးမီးယားလိဂ်က မထွက်သွားခင်မှာ သူတို့ခေတ်ကို အဆုံးသတ်ပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

image

မက်ဂွိုင်းရားဟာ တန်ဟက်ခ်လက်ထက်မှာ အသင်းခေါင်းဆောင်လက်ပတ် ဆုံးရှုံးဖွယ်ရှိပြီး အသင်းမှာဆက်နေဖို့အတွက်ပါ အာမခံချက်မရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ဒီကစားသမားရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းခဲ့ရာမှာတော့ တန်ဟက်ခ်က အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

image

တန်ဟက်ခ်က “မက်ဂွိုင်းရားက ပုံစံကောင်းပြသခဲ့ပြီး ထိပ်တန်းကစားသမားတယောက်လည်းဖြစ်ပါတယ်။ ယူနိုက်တက်မှာ သူလုပ်ပြခဲ့တာတွေကလည်း အများကြီးရှိနေတာကြောင့် ကျနော် သူနဲ့ ဆက်ပြီး အလုပ်တွဲလုပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ရဲ့ပြောစကားကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ်ကောင်းခဲ့ပါတယ်။

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ ပရီးမီးယားလိဂ်မှာ ကြီးစိုးနေတာနဲ့ ပတ်သက်လို့လည်း တန်ဟက်ခ်က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။ တန်ဟက်ခ်က “လက်ရှိအခိုက်အတန့်အတွက် ကျနော် ကလော့ပ်နဲ့ဂွါဒီယိုလာနှစ်ယောက်လုံးကို လေးစားပါတယ်။ သူတို့အသင်းတွေက တကယ်ကို ကောင်းမွန်တဲ့ ကစားပုံတွေကို ပြသခဲ့တာပါ”

“ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ခေတ်တခုရဲ့ အဆုံးသတ်ကို အမြဲတမ်းမြင်တွေ့ရပါလိမ့်မယ်။ သူတို့နှစ်ယောက်လုံး ပရီးမီးယားလိဂ်က မထွက်သွားခင်မှာတင် နှစ်ယောက်လုံးရဲ့ခေတ်က ကုန်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ရဲ့ ဒီပြောစကားကတော့ ယူနိုက်တက်နဲ့အတူ လီဗာပူးကိုရော၊ မန်စီးတီးကိုရော စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

တန်ဟက်ခ်ဟာ ယူနိုက်တက်ကို စုစည်းမှုရှိပြီး ဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့အသင်းတသင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပြီးသားပါ။ ဒါ့အပြင် ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကလည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲမှာ ယူနိုက်တက်ကိုပါ ထည့်သွင်းတွက်ချက်ရမယ်လို့ ပြောထားပါတယ်။ 

Share

Loading Next Article...
က္က