• ဘေးဘောင် notch နဲ့ ၁၄.၆ လက်မဆိုဒ် Ultra မော်ဒယ် ပရီမီယံတက်ဘလက်သစ် Samsung ကြေညာ

Flagship Tablet ‌ဈေးကွက်အတွက် ထုတ်ကုန်သစ်တွေပါ

တန်ဖိုးမြင့် Glaxy Tab S စီးရီးထဲက အရွယ်အစားအကြီးဆုံးနဲ့ Powerful အဖြစ်ဆုံး တက်ဘလက်တစ်လုံးဖြစ်တဲ့ Galaxy Tab S8 Ultra ကို Samsung က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

Galaxy S22 ဖုန်းစီးရီးသစ်လိုပဲ Galaxy Tab S8 Lineup မှာလည်း ရိုးရိုးမော်ဒယ် ၊ Plus မော်ဒယ်နဲ့ Ultra ဆိုပြီး ၃ မျိုးထွက်လာတာပါ။ Galaxy Tab S8 Ultra ဟာ High-End အကျဆုံးမော်ဒယ်ဖြစ်ပြီး အကြီးစား ၁၄.၆ လက်မဆိုဒ် Super AMOLED display နဲ့ လာပါတယ်။ Screen ရုပ်ထွက် 2960 x 1848p နဲ့ 120Hz refresh rate ပါလာပါတယ်။ 

image

Photo: GSMArena


Samsung တက်ဘလက်တွေထဲမှာ ပထမဆုံး ဘေးဘောင် notch သုံးလာတဲ့ ထုတ်ကုန်ဖြစ်ပြီး Display Bezels တွေကို ၆.၃ မီလီမီတာအထိ ပါးထားတယ်လို့ ဆိုပါတယ်။ notch ထဲမှာ 12MP wide sensor နဲ့ 12MP Ultrawide module ဆိုပြီး နှစ်လုံး တပ်ဆင်ထားပြီး 4K Video ရိုက်ချက်တွေ Support ပေးထားပါတယ်။ ကျောဘက် SPen အိမ်အပေါ်ဘက်မှာ ထောင်လိုက် 13MP Main Sensor နဲ့ 6MP Ultrawide Lens တို့ ထည့်သွင်းထားပါတယ်။ 

ရုပ်သံခေါ်ဆိုမှုတွေအတွက် Video Calls လုပ်ဆောင်ချက်မှာ လူကို ကင်မရာဖရိမ်အလယ်မှာ ချိန်နိုင်တဲ့ Auto-Framing လုပ်ဆောင်ချက် ၊ နောက်ခံမြင်ကွင်းကို Blur နဲ့ ဝါးအောင် လုပ်နိုင်မှုနဲ့ ရှင်းလင်းပြတ်သားတဲ့အသံထွက်နိုင်ဖို့ မတူတဲ့ ဆူညံသံစစ်ထုတ်မှု ၃ မျိုးလုပ်နိုင်တဲ့ Three-Way မိုက်ခရိုဖုန်းတစ်ခုတို့ ပါရှိပါတယ်။ ဧရာမအရွယ်အစားဖြစ်လာပေမယ့် Tab S7 ထက် ကွေးညွှတ်မှုဒဏ်ကို ၄၀% ပိုခံနိုင်ရည်ရှိသလို အလူမီနီယံဘော်ဒီဟာ အစင်းခြစ်မှုကို ၃၀% ပိုပြီး ဒဏ်ခံနိုင်မယ်လို့ ဆိုပါတယ်။ 



Ultra မော်ဒယ်ရဲ့ အကြီးစားဒီဇိုင်းကြောင့် သွားလေရာသယ်သွားဖို့ထက် အိမ်မှာ ၊ ရုံးမှာပဲ ကီးဘုတ်နဲ့ တွဲပြီး Laptop တစ်လုံးလိုမျိုး အသုံးချဖြစ်ဖို့များမှာပါ။ Samsung ရဲ့ Dex feature ကြောင့်လည်း desktop တစ်လုံးလို အသုံးပြုရာမှာ ပိုပြီး လွယ်ကူလျင်မြန်လာစေမှာ ဖြစ်ပါတယ်။ Galaxy Tab S8 Ultra မှာ Keyboard case မပါတာကြောင့် သက်သက်ထပ်ဝယ်ရမှာ ဖြစ်ပါတယ်။ တခြား Tab S8 မော်ဒယ်တွေလိုမျိုး S Pen တော့ ပါလာမှာ ဖြစ်ပါတယ်။ 

Galaxy Tab S8 Ultra ရဲ့ နောက်ထပ် စိတ်ဝင်စားစရာအချက်တစ်ခုကတော့ Galaxy S22 Lineup မှာ သုံးသွားတဲ့ Snapdragon 8 Gen 1 Chipset နဲ့ လာတာပဲ ဖြစ်ပါတယ်။ RAM 8/12/16GB နဲ့ Storage 128GB/256GB နဲ့ 512GB ဆိုပြီး ထွက်ထားသလို microSD slot ကနေလည်း storage ထပ်မြှင့်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 11200mAh ဟာ 45W Fast Charging ပံ့ပိုးမှုပါပြီး WiFi 6E နဲ့ 5G ကွန်ရက်ချိတ်ဆက်မှုလည်း ပါရှိပါတယ်။ 

ကျန်တဲ့ Galaxy Tab S8 နဲ့ S8+ တို့ဟာ ၁၁ လက်မ LTPS TFT (2560 x 1600px) နဲ့ ၁၂.၄ လက်မဆိုဒ် Super AMOLED (2800 x 1752px) တွေနဲ့ ထွက်လာပြီး နှစ်မျိုးလုံးမှာ Screen Refresh Rate 120Hz အထိ ပါရှိပါတယ်။ Ultra မော်ဒယ်လို notch တော့ သုံးမထားပါဘူး။ ရိုးရိုးမော်ဒယ်ဟာ ဘေးဘောင်လက်ဗွေစနစ် နဲ့ လာပြီး Plus မော်ဒယ်မှာ မှန်ပြင်အောက်လက်ဗွေနည်းပညာ ပါရှိပါတယ်။ 

Photo: GSMArena


Ultra မော်ဒယ်နဲ့ တူတဲ့အချက်တစ်ခုက Snapdragon 8 Gen 1 Chipset သုံးပြီး AKG နည်းပညာသုံး လေးလုံးတွဲ စတီရီယိုစပီကာ နဲ့ လာပါတယ်။ RAM 8GB / 12GB နဲ့ Storage 256/512GB တို့နဲ့ ထွက်ထားပြီး microSD slot ကနေ storage ထပ်မြှင့်နိုင်မှာပါ။ Tab S8 ဟာ 8000mAh ဘက်ထရီ ၊ Plus မော်ဒယ်ကို 10090mAh ဘက်ထရီတွေနဲ့ ထုတ်ထားပြီး 45W charging အထိ ပံ့ပိုးထားပါတယ်။ 

Galaxy Tab S8 နဲ့ Tab S8+ တို့ကို ဒေါ်လာ ၇၀၀ နဲ့ ဒေါ်လာ ၉၀၀ ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Galaxy Tab S8 Ultra ကိုတော့ ဈေးနှုန်း ဒေါ်လာ ၁၁၀၀ ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က