• ဘီအယ်လ်ဆာကို ၇ ဂိုးပြတ် ဖုတ်ပြီးမှ ပြန်သနားခဲ့ရတဲ့ ဂွါဒီယိုလာ

ပွဲအပြီးမှာ နည်းပြ ဘီအယ်လ်ဆာအပေါ် လေးစားမှု ပြသတဲ့စကားတွေ ပြောသွားတာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အင်္ဂါနေ့ညနေက လိဒ်စ်ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွစြဉ်က အသင်းရဲ့ မယုံနိုင်ဖွယ် စွမ်းဆောင်ရည်ကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်ရမယ့်အစား ပြိုင်ဘက်နည်းပြ မာဆယ်လ်လို ဘီအယ်လ်ဆာကို ကိုယ်ချင်းစာတဲ့အနေနဲ့ အထူးတလည် ချီးမွမ်းမနေတော့ဖို့ ရွေးချယ်ခဲ့ပါတယ်။

image

မန်ချက်စတာစီးတီးအသင်းက လိဒ်စ်ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်စုစုပေါင်း သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့တဲ့ပွဲစဉ်အတွင်း အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားက ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဖီးလ် ဖိုဒန်၊ ဂျက် ဂရီးလစ်ရှ်၊ မာရက်ဇ်၊ စတုန်းစ်နဲ့ အကီတို့ကလည်း ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

image

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းကို ၂၀၇ ပွဲမြောက် ကိုင်တွယ်ခဲ့တဲ့ပွဲစဉ်မှာ အသင်းကို ပရီးမီးယားလိဂ်သွင်းဂိုး ၅၀၀ ပြည့်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်က ၂၃၄ ပွဲမှသာ ဂိုး ၅၀၀ ပြည့်မြောက်ခဲ့တာကြောင့် အမြန်ဆုံး ဂိုး ၅၀၀ ပြည့်တဲ့စံချိန်သစ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာအတွက် အရေးပိုကြီးတာက အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၄ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နိုင်စေမယ့် ၇ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ပွဲကစားသွားရမယ့် ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့အပေါ် ဖိအားတွေ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဂိုးသွင်းယူရာမှာ အညှာအတာကင်းမဲ့ခဲ့ပြီး လိဒ်စ်ယူနိုက်တက်အသင်းကို ကွင်းထဲက နေရာတိုင်းမှာ အသာစီး ရယူလွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက BT Sport နဲ့ စကားပြောဆိုခဲ့ရာမှာ "အသင်းကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တယ်။ ဒီနေ့ ကွင်းထဲက စိတ်ခံစားမှုတွေကလည်း ကောင်းမွန်ပါတယ်။ လက်မှတ်အကုန်ရောင်းထွက်သွားခဲ့ပြီး ပရိသတ်တွေက မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ အသင်းက ကောင်းမွန်တဲ့စည်းချက်နဲ့ စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဗဟိုခံစစ်ကစားသမားတွေက ကောင်းမွန်တဲ့ တိုက်စစ်စတင်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံခဲ့ပြီး ကစားသမားတွေရဲ့ အရည်အသွေးက ကျန်တာတွေအားလုံးကို လုပ်သွားခဲ့ပါတယ်"

"ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ လိဒ်စ်ယူနိုက်တက်နဲ့ကစားတဲ့အချိန်မှာ ရမှတ် ၅ မှတ် ဆုံးရှုံးခဲ့တယ်။ ကျွန်တော်တို့ ဒီပွဲအတွက် ကောင်းကောင်း ကြိုတင်ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်။ ကစားသမားတွေကလည်း လူတွေထင်နေတာထက် ဒီအသင်းက ပိုပြီး ကြောက်ဖို့ကောင်းတဲ့အသင်းလို့ ခံစားခဲ့ရကောင်း ခံစားခဲ့ရမှာပါ။ ဒီအသင်းကို တာဝန်ယူထားတာက ဘယ်လိုနည်းပြလဲဆိုတာ ကျွန်တော် အတိအကျ သိနေပါတယ်။ သူတို့တွေက ပွဲစဉ်တိုင်းလိုလို ဘောလုံး တစ်ခါထိတိုင်း ဂုဏ်ယူစရာတွေ ရှိခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ သူတို့ ကစားခဲ့တဲ့ပွဲစဉ်ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီး သူတို့တွေ အနည်းဆုံး ၁ မှတ်လောက်တော့ ရယူနိုင်ဖို့အတွက် ထိုက်တန်ခဲ့ပါတယ်။ သူတို့တွေ တိုက်ပွဲဝင်ခဲ့တဲ့ပုံစံကြောင့်ဖြစ်ပြီး သူတို့တွေ အဲဒီမတိုင်ခင် ၂ ရက်လောက်က ပွဲကစားခဲ့ရလို့ နည်းနည်း ပွဲပန်းနေတာတွေရှိနေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

"အဲဒါကြောင့်ပဲ ကျွန်တော် နိုင်ပွဲအတွက် ချီးကျူးတာပါ။ ဘာလို့လဲဆိုတော့ လိဒ်စ်နဲ့ ကစားရတာက ဘာလဲဆိုတာ ပြိုင်ဘက်တိုင်းက သိမယ်ဆိုတာ ကျွန်တော် တော်တော်လေး သေချာနေလို့ပါ။ အခုတော့ ကျွန်တော်တို့ အနားယူပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့် နယူးကာဆယ်လ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်သွားမှာပါ။ ခင်ဗျား ဒီလိုမျိုး ရလဒ်ရရှိတဲ့အခါမှာ အဲဒါက ကစားသမားတစ်ဦးချင်းစီတိုင်းက အရမ်းကောင်းမွန်လွန်းခဲ့တာကြောင့်ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က