မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲအခမ်းအနားမှာ ကစားသမားတစ်ယောက်ချင်းစီရဲ့ ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာကာက အိုနာနာရဲ့အောက်ကို ရောက်ရှိနေတာကြောင့် အာဆင်နယ်ပရိသတ်တွေက မေးခွန်းထုတ် ဝေဖန်နေကြပါတယ်။


အဲ့ဒါကြောင့်လည်း ဆာကာတစ်ယောက် အခုလိုမျိုး အဆင့် (၂၄) သာရခဲ့တဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက ဝေဖန်နေတာပါ။ အာဆင်နယ်ပရိသတ်တွေက “ငါ့ကောင်လေး ဓားပြတိုက်ခံလိုက်ရတာပဲ” “အနည်းဆုံးတော့ ဆာကာတစ်ယောက် အဆင့် (၂၀) အတွင်းမှာ ပါဝင်သင့်ပါတယ်”
“ဆာကာက ဘလွန်းဒီအော်အတွက် ထိပ်ဆုံး (၅) ယောက်စာရင်းမှာ ပါကိုပါရမှာပါ” “ဒီသောက်တလွဲပွဲကို ကြည့်လိုက်ပါဦးကွာ။ အိုနာနာက ဆာကာ၊ မူဆီအာလာတို့အပေါ် ရောက်နေတယ်” ဆိုပြီး အသီးသီး ဝေဖန်ခဲ့ကြပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အတွက် လက်စွမ်းပြခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။