• ဘလွန်းဒီအော်ပွဲမှာ ရီးရဲလ်နဲ့ဘာကာကြယ်ပွင့်တွေ အောင်ပွဲခံမယ်လို့ သတင်းထွက်ပေါ်လျက်ရှိ

ဘလွန်းဒီအော်ဆုပေးပွဲကို ဒီကနေ့ညမှာ ကျင်းပတော့မှာပါ။

ဒီကနေ့ညမှာ ကျင်းပမယ့် ဘလွန်းဒီအော်ဆုပေးပွဲမှာ ရီးရဲလ်မက်ဒရစ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဂိုးသမား ကော်တွိုက်စ်၊ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဗီတို့က အဓိကဆုတံဆိပ်တွေကို ဆွတ်ခူးရရှိသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပသွားမှာပါ။

image

ပြီးခဲ့တဲ့နှစ်ရဲ့ ဘလွန်းဒီအော်ဆုရှင်လည်းဖြစ်၊ ဘလွန်းဒီအော်ဆုလည်း အများဆုံးရရှိထားတဲ့ မက်ဆီကတော့ ဒီနှစ်အတွက် ဆန်ခါတင်ကစားသမားစာရင်းမှာတောင် မပါဝင်လာခဲ့ပါဘူး။ ဒီနှစ်ရဲ့ ဘလွန်းဒီအော်ဆုကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက,ကစားသမား ဘန်ဇီမာကသာ ဆွတ်ခူးသွားမယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။

image

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါအမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလားတို့လို အဓိကဆုဖလားတွေကို ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်တို့ အောင်ပွဲခံတဲ့နေရာမှာလည်း ဘန်ဇီမာရဲ့ သွင်းဂိုးတွေနဲ့ စွမ်းဆောင်ရည်တွေက အဓိကနေရာကနေ ပါဝင်ပတ်သက်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အခု (၂၀၂၂) မှာတော့ ဘန်ဇီမာရဲ့ ငယ်ဘဝအိပ်မက်တွေ အမှန်တကယ်ပြည့်မြောက်တော့မယ်လို့ အားလုံးက အပိုင်တွက်ထားကြပြီး ပြိုင်ပွဲကျင်းပရေးအဖွဲ့ကလည်း ဘန်ဇီမာထံ ဆုရရှိကြောင်း ကြိုတင်အကြောင်းကြားထားတယ်လို့ သတင်းထွက်နေပါတယ်။ အကောင်းဆုံးဂိုးသမားဆုကိုလည်း ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်ကပဲ ဆွတ်ခူးသွားမယ်လို့ ဆိုနေကြပါတယ်။ ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။

အထူးသဖြင့် လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကော်တွိုက်စ်က ပြိုင်ဘက်အသင်းရဲ့ အပိုင်အခွင့်အရေး (၃) ကြိမ်ထက်မနည်းကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိမယ်လို့ သတင်းထွက်နေတာပါ။ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဂါဗီက ဆွတ်ခူးသွားမယ်လို့ သတင်းတွေက ဖော်ပြထားပြီး ဒီသုံးယောက် အမှန်တကယ် ဆုရရှိ၊ မရရှိကတော့ ဒီကနေ့ညမှာတင် အဖြေပေါ်သွားမှာပါ။ 

Share

Loading Next Article...
က္က