• ဗန်ဒီဘိခ်ကငြိမ်ခံလွန်းအားကြီးလို့ အခုလိုအခြေအနေဖြစ်နေတာလို့ ဖာဒီနန်ပြောကြား

ဗန်ဒီဘိခ် ပွဲထွက်ခွင့်မရတဲ့ အဓိကပြဿနာအပေါ် ဖာဒီနန်က ပြောကြားလာခဲ့တာပါ။

ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က ကွင်းလယ်ကစားသမား ဗန်ဒီဘိခ် အသင်းမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

image

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ခက်ခဲတဲ့အချိန်ကာလတွေကို ဖြတ်သန်းနေရတာပါ။ ပရိသတ်တွေကလည်း ဗန်ဒီဘိခ်ကို အသုံးမပြုတဲ့ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်အပေါ် ဝေခွဲရခက်နေပြီး ကစားသမားကိုယ်တိုင်က အသင်းကိုစွန့်ခွာဖို့ စီစဥ်နေပါပြီ။

image

အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ ဖာဒီနန်က ဗန်ဒီဘိခ် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားလာခဲ့တာပါ။ ဖာဒီနန်က “ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ အကြီးမားဆုံးပြဿနာက သူဟာ အရမ်းကိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်နေလို့ပါပဲ”

“ပြီးတော့ သူကအေးဆေးတယ်၊ စိတ်တည်ငြိမ်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကရယ်စရာကောင်းတဲ့ အခြေအနေတစ်ခုလည်းဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဗန်ဒီဘိခ်သာ သောင်းကျန်းတတ်တဲ့လူတစ်ယောက်ဆိုရင် သူ အခုလောက်ဆို တော်တော်ပေါက်ကွဲပြီး အော်ဟစ်နေမှာပါ”

“ပြီးရင် အသင်းကနေလည်း ထွက်သွားလောက်ပါပြီ။ ယူနိုက်တက်မှာတောင် မရှိလောက်တော့ပါဘူး။ တစ်ခါတလေကျတော့ အခြေအနေတစ်ခုအပေါ်မှာ အရမ်းကောင်းကောင်းကြီး တုံ့ပြန်လွန်းတာကြောင့် ကိုယ်လိုချင်သလို မဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဒါက ဗန်ဒီဘိခ်လို လူမျိုးအတွက် ပြဿနာဖြစ်စေတဲ့ အဓိကအချက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် ကလပ်အသင်းဘက်က တားဆီးခဲ့တာကြောင့် အသင်းမှာသာ ဆက်ရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း အခွင့်အရေးပေးမယ်ဆိုတဲ့ စကားကို ဗန်ဒီဘိခ်အပေါ် ကတိမတည်နိုင်တာကြောင့် ကစားသမားအနေနဲ့ လာမယ့်ဆောင်းရာသီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့ ထပ်မံကြိုးစားသွားမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က