• Featured

    ဗိုလ်လုပွဲကို ဒုကျော့ကန်စရာမလိုအောင် တခါတည်းအပြတ်ကန်ပေးလိုက်တဲ့ ထိုင်း

ထိုင်းကတော့ အင်ဒိုနီးရှားကို လေးဂိုးပြတ်နဲ့ အနိုင်ကစားခဲ့တာပါ။

ထိုင်းကတော့ ဒေသတွင်းမှာ ခေါင်းတလုံး ပိုမြင့်တဲ့အသင်းဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပြီး ဒီနေ့မှာလည်း ထပ်မံ သက်သေပြခဲ့ပါတယ်။ ဗီယက်နမ်ကို နိုင်ပြီး တက်လာတဲ့ ထိုင်းအတွက် အင်ဒိုနီးရှားက ဘာအဆိပ်မှကို မရှိဘူးလို့ ပြောရင် လွန်မယ်မထင်ပါဘူး။

image

ပွဲစတာနဲ့ ထိုင်းရဲ့ တိုက်စစ်ပိုင်းကို အင်ဒိုနီးရှားတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး အငိုက်ပါမိသွားခဲ့တဲ့နောက် အသင်းခေါင်းဆောင် ချာနာသစ်ရဲ့ ဦးဆောင်ဂိုးကို စောစောစီးစီး ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ထိုင်းတို့ပဲ အခွင့်အရေးရရှိခဲ့ပေမယ့် အင်ဒိုနီးရှား ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ကံကောင်းခဲ့ပါတယ်။


image

အင်ဒိုနီးရှားတို့ ဒီပွဲမှာ ဂိုးရနိုင်တဲ့ အခွင့်အရေး အနည်းအကျဥ်းလောက်ပဲရရှိခဲ့ပြီး ဂိုးရနိုင်ခြေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ချာနာသစ်က ထိုင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။


အင်ဒိုနီးရှားနဲ့ ထိုင်းတို့အကြား ဘောလုံးအဆင့်အတန်း ကွာဟချက်ကို ဒီပွဲမှာမြင်တွေ့ခဲ့ရပြီး ထိုင်းရဲ့ တည်ငြိမ်မှု၊ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းကို အင်ဒိုနီးရှားတို့ ဘယ်နေရာမှာမှ မယှဥ်နိုင်ခဲ့ပါဘူး။ ဆက်ဖာချော့က ဧရိယာအပြင်ကနေ ကန်သွင်းပြီး တတိယဂိုး သွင်းယူပေးခဲ့သလို ပွဲသိမ်းဂိုးကိုတော့ ဘော်ဒင်ဖာလာက ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာပဲ အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ထိုင်းလက်ရွေးစင်အတွက် အဓိကဂိုးသမားကြီး ကာဝင် လူစားဝင်ကစားခဲ့ပါသေးတယ်။ ဒီပွဲရလဒ်က ထိုင်းအတွက် ဒုတိယအကျော့တောင် ကစားစရာ မလိုအပ်ဘဲ ဆူဇူကီးချန်ပီယံဖြစ်ဖို့ လုံလောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒုတိယအကျော့ပွဲစဥ်ကိုတော့ (၂၀၂၂)၊ ဇန်နဝါရီ (၁) မှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က