• China Mobile ရဲ့ 5G ကန်ထရိုက် ထက်ဝက်ကို Huawei ရရှိ

အပြည့်အဝ ပြင်ဆင်ပြီး ဖြစ်တယ်လို့Huawei က ဆိုပါတယ်။

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ နိုင်ငံတွင်းက တယ်လီကွန်းအော်ပရေတာ ၃ ခုအတွက် စီးပွားရေးသုံး 5G လိုင်စင်တွေ ချပေးခဲ့ပါတယ်။

         တရုတ်နိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရောတာ ဖြစ်တဲ့ China Mobile ဟာ သူ့ရဲ့ 5G ကွန်ရက်အတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ထက်ဝက်ကျော်ကို Huawei Technologies နဲ့စာချုပ်ချုပ်ဆိုလိုက်တယ်လို့South China Morning Post သတင်းမှာဖော်ပြထားပါတယ်။

image

         SCMP သတင်းအရ Huawei ဟာ China Mobile ရဲ့ ultra-fast 5G ကွန်ရက်တွေအတွက် လိုအပ်တဲ့ core network ပစ္စည်းအစိတ်ပိုင်း နှစ်မျိုးဖြစ်တဲ့ MME/SGSN ပစ္စည်းအားလုံးရဲ့ ၄၉% နဲ့SAE-GW/GGSN ပစ္စည်းတွေရဲ့ ၅၄% ပံ့ပိုးသွားမယ်လို့ဆိုပါတယ်။ ဆွီဒင်မှ Ericsson နဲ့ဖင်လန်နိုင်ငံမှ Nokia တို့ဟာ MME/SGSN ပစ္စည်းအော်ဒါ ၃၄% နဲ့၁၂% ၊ SAE-GW/GGSN အမှာစာအားလုံးရဲ့ ၃၄% နဲ့၉% စီ ရခဲ့တယ်လို့ဆိုပါတယ်။

         တရုတ်တယ်လီကွန်း provider တစ်ခုဖြစ်တဲ့ ZTE Corp ကတော့ MME/SGSN နဲ့SAE-GW/GGSN အော်ဒါရဲ့ ၅% နဲ့၃% စီ ရထားခဲ့တယ်လို့ဖော်ပြထားပါတယ်။ China Mobile ၊ Unicom နဲ့China Telcom တို့လက်ရှိ ယင်းတို့ရဲ့ ကွန်ရက်တွေမှာ လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို Nokia နဲ့Ericsson အပါအဝင် supplier အမြောက်အများဆီမှ ဝယ်ယူနေတာပါ။

Photo: SCMP

         Huawei ကုမ္ပဏီအနေနဲ့တရုတ်နိုင်ငံမှာ လိုအပ်တဲ့ စီးပွားဖြစ် Commercial 5G ကွန်ရက်ဖြန့်ကျက်မှုအတွက် အပြည့်အဝင် ပြင်ဆင်ပြီး ဖြစ်တယ်လို့အစိုးရဘက်မှ 5G လိုင်စင်များ ချပြီးနောက် ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ Huawei ဟာ နိုင်ငံ ၃၀ မှာ Commercial 5G စာချုပ်ပေါင်း ၄၆ ခု ချုပ်ဆိုထားတယ်လို့ထုတ်ပြန်ထားပါတယ်။

         Ericsson နဲ့Nokia တို့ကတော့ လက်ရှိမှာ 5G စာချုပ်ပေါင်း ၂၁ ခုနဲ့၂၃ ခု စီ ချုပ်ဆိုထားပြီလို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က