• Featured

    COVID-19 တိုက်ဖျက်ရေးအတွက် လက်ရှိပိုင်ဆိုင်မှုရဲ့ ၂၈% ခန့် လှူသွားမယ့် Twitter CEO

တစ်ခြားသူတွေလည်း အခုလိုမျိုး လုပ်ကြဖို့ တွန်းအားဖြစ်စေမယ် ‌မျှော်လင့်ပါတယ်

Twitter နဲ့ ဒီဂျစ်တယ်ငွေပေးချေမှုပလက်ဖောင်းတစ်ခုဖြစ်တဲ့ Square တို့ရဲ့ CEO ဂျက်ဒေါ်ဆီဟာ ကမ္ဘာအရပ်ရပ်က COVID-19 ရောဂါတိုက်ဖျက်ရေးမှာ ထောက်ပံ့ရေးရံပုံငွေအဖြစ် ဒေါ်လာ ၁ ဘီလျံ လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။

ဂျက်ဒေါ်ဆီဟာ COVID-19 ရံပုံငွေအနေနဲ့ သူ့ရဲ့ Start Small Foundation ထဲကို ဒေါ်လာ ၁ ဘီလျံတန် Square ရှယ်ယာတွေ လှူသွားမှာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ အင်္ဂါနေ့က သူ့ရဲ့ ကြေညာချက်ထဲမှာ ဒီငွေပမာဏဟာ သူ့ရဲ့ လက်ရှိ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၃.၆ ဘီလျံခန့်ရဲ့ ၂၈% ခန့် ရှိတယ်လို့လည်း ဂျက်ဒေါ်ဆီက ပြောပါတယ်။

image

Photo: nytimes


ဂျက်ဒေါ်ဆီဟာ Facebook CEO မတ်ခ်ဇူကာဘတ်ခ် ၊ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ် နဲ့ Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်တို့လို ထိပ်ထိပ်ကြဲသူဌေးကြီးတွေလောက် ချမ်းသာသူ မဟုတ်ပါဘူး။ Square နဲ့ Twitter လုပ်ငန်းနှစ်ခုစလုံးမှာ ရှယ်ယာပိုင်တာကြောင့် ဘီလျံနာတစ်‌ယောက်တော့ ဖြစ်နေဆဲပါ။ 

ပြီးခဲ့တဲ့နှစ်ကအထိ သူဟာ Square ရဲ့ ရှယ်ယာ ၆၀.၅ သန်းနီးပါး ပိုင်ဆိုင်ခဲ့ပြီး Start Small Foundation ကနေ လှူဒါန်းမှုအစီအစဉ်အကြောင်း လူသိရှင်ကြား ကြေညာခြင်း မရှိခဲ့ပါဘူး။ COVID-19 တိုက်ဖျက်ရေးအတွက် Start Small ဖောင်ဒေးရှင်းကနေ သူ့ရဲ့ ဒေါ်လာ ၁ ဘီလျံ လှူဒါန်းမှုကိုတော့ ဘယ်သူမဆို ကြည့်ရှုနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

" ဘာကြောင့် အခုမှလုပ်သလဲ။ လိုအပ်ချက်တွေက အရေးတကြီး တိုးတိုးလာနေပါတယ်။ ကျွန်တော့်ဘဝသက်တမ်းမှာ ဒါရဲ့ သက်ရောက်မှုကို မြင်ချင်ပါတယ်။ " လို့ အသက် ၄၃ နှစ်အရွယ် ဂျက်ဒေါ်ဆီက Twitter မှာ ပြောပါတယ်။ " ဒီအလှူကနေ တစ်ခြားသူတွေလည်း အခုလိုမျိုး တစ်ခုခု လုပ်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝက တိုပါတယ်။ ဒီနေ့ပဲ လူတွေကို ကူညီနိုင်သမျှအားလုံးကို လုပ်ကြရအောင်"


Photo: Jack Dorsey / Twitter

ဂျက်ဒေါ်ဆီရဲ့ အလှူစာရင်းအကြောင်း ဖော်ပြထားတဲ့ Google Doc တစ်ခုမှာ ဧပြီ ၂ ရက်နေ့က သူဟာ America's Food Fund အတွက် ဒေါ်လာ ၁ သိန်း စတင်လှူဒါန်းထားတယ်လို့ ပါရှိပါတယ်။ America' Food Fund ရံပုံငွေအစီအစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကာလ အစားအစာ လိုအပ်သူများကို ထောက်ပံ့ဖို့အတွက် မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ၊ Apple ကုမ္ပဏီ ၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် လော်ရန်ပိုဝဲလ်ဂျော့စ် ၊ Ford Foundation နဲ့ အိုဖရာဝင်းဖရေးတို့ တည်ထောင်ထားတာပါ။

COVID-19 ကူညီထောက်ပံ့ရေးအတွက် လှူပြီးရင်တော့ Start Small ဟာ မိန်းကလေးငယ်များ ကျန်းမာရေး ၊ ပညာရေးနှင့် နိုင်ငံတကာအခြေခံ ဝင်ငွေ UBI ပိုင်းကို အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က