• ဒါဘီပွဲပထမပိုင်းအပြီးမှာ ဘရူနိုနဲ့မာတီနက်ဇ်တို့ရဲ့အသံတွေကို အဝတ်လဲခန်းအပြင်ကပါ အကုန်ကြားခဲ့ရ

ဘရူနိုနဲ့မာတီနက်ဇ်တို့ တော်တော်ပေါက်ကွဲခဲ့တာပါ။

မန်ချက်စတာဒါဘီ ပထမပိုင်းအပြီး ယူနိုက်တက်အဝတ်လဲခန်းထဲက အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ရဲ့ အော်ဟစ်စကားပြောသံတွေက ကျယ်လောင်လွန်းတာကြောင့် အဝတ်လဲခန်းအပြင်ဘက် လျှောက်လမ်းကနေပါ သူတို့ရဲ့ ပြောစကားတွေကို ကြားခဲ့ရကြောင်း သိရှိရပါတယ်။

image

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဆိုပါပွဲမှာ ယူနိုက်တက်တို့ အဝေးကွင်းမှာ ၆-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ အန်တိုနီ၊ မာရှယ်လ်တို့ရဲ့ သွင်းဂိုး သုံးဂိုးပြန်လည်ရရှိကာ ပွဲအပြီးမှာ ၆-၃ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ပထမပိုင်းမှာ ယူနိုက်တက်တို့ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြန်လည်အနိုင်ရရှိခဲ့ကြောင်း နောက်ပြောင်နေကြပါတယ်။

image

ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာတဲ့ ဘရူနိုနဲ့ မာတီနက်ဇ်တို့ဟာ အကြီးအကျယ်ဒေါသပါက်ကွဲခဲ့ကြပြီး ကျန်တဲ့အသင်းဖော်တွေအားလုံးကလည်း သူတို့ရဲ့ ဒေါသပေါက်ကွဲမှုကို သိရှိခဲ့ရပါတယ်။ ဒီနှစ်ယောက်ရဲ့ အသင်းဖော်တွေကို ဒေါသတကြီး တွန်းအားပေး အော်ဟစ်ပြောဆိုမှုတွေက အဝတ်လဲခန်းအပြင်ဘက် လူသွားစင်္ကြန်ကနေပါ အကုန်ကြားခဲ့ရပြီး တော်တော်လေး ကျယ်လောင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုမျိုးတွန်းအားတွေကပါ ဒုတိယပိုင်းမှာ ယူနိုက်တက်ကစားပုံကို အကျိုးသက်ရောက်မှုရှိစေခဲ့သလား မပြောတတ်ပါဘူး။ ယူနိုက်တက်ဟာ ဒီပွဲမှာရရှိခဲ့တဲ့ သုံးဂိုးလုံးကို ဒုတိယပိုင်းမှသာရရှိခဲ့တာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မက်ဂွိုင်းရား အရန်ခုံရောက်သွားပြီးနောက်ပိုင်းတည်းက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရရှိနေတာပါ။

မာတီနက်ဇ်ကလည်း နောက်တန်းမှာ ဦးဆောင်သူတယောက်အဖြစ် ဂိုးသမား ဒီဂီယာအပါအဝင် အသင်းဖော်တွေကို လှုံ့ဆော်ပေးနေလေ့ရှိသူတယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီကြားရက်မှာတော့ ယူရိုပါလိဂ် အဝေးကွင်းပွဲအဖြစ် ဆိုက်ပရပ်စ်မှာ အိုမိုနီးယားနီကိုရှားနဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီနောက် တနင်္ဂနွေမှာတော့ အဲဗာတန်နဲ့ အဝေးကွင်းပွဲကို ဆက်လက်ကစားရမှာပါ။ 

Share

Loading Next Article...
က္က