• ဒေါ်လာသန်းရာချီရနေတဲ့ အမှုဆောင်အရာရှိချုပ်ခံစားခွင့်တွေ ပယ်ချဖို့ Intel ရှယ်ယာရှင်တွေ အဆိုပြု

အကြံပြုမဲပေးတဲ့ အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပါတယ်

ပုံမှန်ဝန်ထမ်းထက် အဆပေါင်း ၁၇၀၀ ကျော် ရနေတဲ့ Intel အမှုဆောင်အရာရှိချုပ်အပါအဝင် ထိပ်တန်းကုမ္ပဏီအမှုဆောင်တွေအတွက် ခံစားခွင့်တွေကို ပယ်ဖျက်ဖို့ ရှယ်ယာရှင်တွေက ဆန္ဒမဲပေးကြတယ်လို့ ဆိုပါတယ်။ 


Intel အမှုဆောင်အရာရှိတွေရဲ့ လစာခံစားခွင့်ပက်ကေ့ချ်တွေ နဲ့ ပတ်သက်ပြီး Intel ရှယ်ယာရှင်တွေက ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ ကန့်ကွက်မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် SEC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ Intel Corp ရှယ်ယာရှင်တွေဟာ တစ်နှစ် ဒေါ်လာ ၁၇၈.၆ သန်းအထိ ရတဲ့ အမှုဆောင်အရာရှိချုပ် ပတ်ဂယ်လ်ဆင်းဂါးအပါအဝင် ထိပ်တန်းအမှုဆောင်အရာရှိတွေအတွက် လစာခံစားခွင့်ကို ပယ်ဖျက်ဖို့ မဲပေးလိုက်တာပါ။ 

image



ကုမ္ပဏီရှယ်ယာရဲ့ ၃၄% ကို ကိုယ်စားပြုတဲ့ရှယ်ယာရှင်တွေဟာ ခံစားခွင့်ပက်ကေ့ချ်အတွက် မဲပေးခဲ့တာ ဖြစ်ပြီး ရှယ်ယာ ၉၂၁.၂ သန်းကို ကိုယ်စားပြုတဲ့ ရှယ်ယာရှင်တွေက ခွင့်ပြုဖို့ မဲပေးခဲ့ပြီး ရှယ်ယာ ၁.၇၇၈ ဘီလျံကို ကိုယ်စားပြုတဲ့ ရှယ်ယာရှင်တွေက ကန့်ကွက်မဲပေးခဲ့တယ်လို့ ဆိုပါတယ်။ အမှုဆောင်တွေရဲ့ လစာခံစားခွင့် ပက်ကေ့ချ်တွေထဲမှာ ဒေါ်လာသန်း ရာနဲ့ချီတန်တဲ့ ကုမ္ပဏီစတော့ခ်ရှယ်ယာတွေလည်း ပါနေပြီး ဒီအပေါ် ရှယ်ယာရှင်တွေက ကန့်ကွက်လာတာ ဖြစ်ပါတယ်။ 

ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂယ်လ်ဆင်းဂါးဟာ ၂၀၂၁ ဖေဖော်ဝါရီလက Intel ရဲ့ CEO အဖြစ် စတင် တာဝန်ယူခဲ့သူ ဖြစ်ပြီး တာဝန်ယူတဲ့နှစ်မှာပဲ လစာခံစားခွင့်အဖြစ် ဒေါ်လာ ၁၇၈.၆ သန်း ချီးမြှင့်ခံရတယ်လို့ ဆိုပါတယ်။ ဂယ်လ်ဆင်းဂါးရတဲ့ ခံစားခွင့်တွေထဲမှာ ဒေါ်လာ ၁ သန်းကျော် လစာ ၊ ဒေါ်လာ ၁.၇၅ သန်းတန် ဘောနပ်စ်ဆုကြေး ၊ ဒေါ်လာသန်း ၁၄၀ ကျော်တန် စတော့ခ်ချီးမြှင့်မှုနဲ့ ဒေါ်လာသန်း ၃၀ နီးပါးတန် သတ်မှတ်ကာလအတွင်း ထုတ်‌ပေးထားတဲ့ ဒေါ်လာ သန်း ၃၀ နီးပါးတန် စတော့ခ်ဆုကြေးတွေလည်း ပါဝင်ပါတယ်။ 

၂၀၂၁ ခုနှစ်အတွက် ဂယ်လ်ဆင်းဂါးရဲ့ ခံစားခွင့်ဟာ ပုံမှန် Intel ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ခလစာထက် အဆပေါင်း ၁၇၁၁ ဆ အထိ များတာ ဖြစ်ပါတယ်။ တစ်ခါက အကြီးဆုံး Chipmaker ကြီး ဖြစ်တဲ့ Intel အနေနဲ့ လက်ရှိ Chip ထုတ်လုပ်ရေးဈေးကွက်မှာ ပြိုင်ဘက် AMD အောက် ရောက်နေပါတယ်။ ဂယ်လ်ဆင်းဂါးကတော့ Chip စက်ရုံသစ်တွေ ထောင်ဖို့ အကြီးအကျယ်ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပြီး တခြား Chip Designers တွေအတွက်လည်း ကိုယ်ပိုင် Chips ထုတ်လုပ်မှုမှာ ကန်ထရိုက်ယူထုတ်ပေးဖို့ လုပ်သွားမယ်လို့ ပြောပါတယ်။



Intel အမှုဆောင်အရာရှိ ခံစားခွင့်ပက်ကေချ့်တွေ ပယ်ဖျက်ဖို့ ရှယ်ယာရှင်တွေမဲပေးတာ အကြံပေးမှုအဆင့်မှာပဲ ရှိပြီး Intel အမှုဆောင်အရာရှိချုပ်တွေရဲ့ ခံစားခွင့်တွေပေါ် ချက်ချင်း သက်ရောက်မှုတော့ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း AT&T ရှယ်ယာရှင်တွေဟာ အမှုဆောင်အရာရှိ လစာခံစားခွင့်ပက်ကေ့ချ်တွေ ကန့်ကွက်မဲပေးခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်အတွင်းမှာ အမှုဆောင်အရာရှိတွေကို ပေးတဲ့ ခံစားခွင့်ပက်ကေ့ချ်ကို ခွင့်မပြုဖို့ ရှယ်ယာရှင်တွေ ဆန္ဒမဲပေးထားတဲ့ ကုမ္ပဏီ ၁၆ ခု ရှိခဲ့တယ်လို့လည်း ရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ခုဖြစ်တဲ့ to As You Sow အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က