• ဘာစီလိုနာကစားသမားတွေ လဲသေချင်လောက်အောင် ရက်ရက်စက်စက် ပြောလိုက်တဲ့ မူလာ

ဘာစီလိုနာကို ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားပါ။

ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ် မူလာက ကတ်တလန်ထိပ်သီးအသင်းကြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းအရင်းဟာ ပြင်းထန်မှု ကင်းမဲ့ခြင်းဖြစ်တယ်လို့ မီးမောင်းထိုးပြခဲ့ပါတယ်။

image

ဘိုင်ယန်မြူးနစ်အသင်းက ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ဖြုတ်ပစ်ခဲ့ပြီးနောက် သောမတ်စ် မူလာက လာလီဂါကလပ်အသင်းအနေနဲ့ ဒီလို ပြင်းထန်မှု အမြင့်မားဆုံး ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့အစွမ်းအစမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို မြူးနစ်မှာ ၃-၀ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းကစားခဲ့ရပြီ ဖြစ်ပါတယ်။

image

သောမတ်စ် မူလာ၊ ဆာနေးနဲ့ မူစီယာလာတို့က အုပ်စု E မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲနဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ နောက်တဆင့်တက်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်ကို နိုင်ရင်နိုင် ဒါမှမဟုတ် ဘင်ဖီကာအသင်း ရှုံးနိမ့်ဖို့ကို မျှော်လင့်ရမှာဖြစ်ပေမယ့်လည်း ဘင်ဖီကာက ဒိုင်နမိုကိဗ်ကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ၁၉၉၇-၁၉၉၈၊ ၁၉၉၈-၁၉၉၉၊ ၂၀၀၀-၂၀၀၁ နောက်ပိုင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ စတုတ္ထအကြိမ်မြောက် လှည့်ပြန်ခဲ့ရတာဖြစ်ပြီး ၂၀၀၃-၂၀၀၄ ရာသီမှာ ယူအီးအက်ဖ်အေဖလားကို ဆင်းကန်ခဲ့ရပြီးနောက်ပိုင်း ယူရိုပါလိဂ်လို့ အမည်ပြောင်းလဲခေါ်တွင်ပြီးနောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို အနိုင်ရခဲတဲ့ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သောမတ်စ် မူလာက ကတ်တလန်အသင်းကြီးရဲ့ကံမကောင်း အကြောင်းမလှမှုကို ဆွေးနွေးခဲ့ရာမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ ရရှိခဲ့တဲ့ဒဏ်ရာအပေါ် ဆားနဲ့ပက်သလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ "ဘာဆာက ကျွန်တော်တို့ရဲ့ ပြင်းထန်မှုကို မကိုင်တွယ်မဖြေရှင်းနိုင်ပါဘူး။ နည်းနစ်ပိုင်းအရတော့ သူတို့မှာ အားလုံးရှိပါတယ်။ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းအဆင့်မှာ အရမ်းကောင်းတဲ့ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီလို အမြင့်မားဆုံးပြင်းထန်မှုရှိတဲ့ ထိပ်တန်းအဆင့်ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်လို့ မရနိုင်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မူလာဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၇ ပွဲမှာ ၈ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးရဲ့ သွင်းဂိုးပမာဏဟာ ဥရောပဖလား(သို့)ချန်ပီယံလိဂ်ဖလားသမိုင်းမှာ ဘာစီလိုနာအသင်းကို ဂိုးသွင်းယူခဲ့တဲ့ ကစားသမားတွေအားလုံးထဲမှာ အများဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က