တန်ဖိုးသင့် Xiaomi Redmi Note စီးရီးထဲက စိတ်ဝင်စားဖွယ် Features တွေ ပါဝင်တဲ့ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Xiaomi Redmi Note 11 စီးရီးထဲကနေ အသစ်ထွက်လာတဲ့ Redmi Note 11R ကို Global ဈေးကွက်မှာ Poco M4 5G အဖြစ် ထွက်ထားတဲ့ ဗားရှင်းလို့လည်း ပြောပါတယ်။ ကွဲပြားတာက RAM 8GB နဲ့ Base Storage ပိုမြင့်လာတာပဲ ဖြစ်ပါတယ်။ Poco M4 5G ကို RAM 4GB/64GB Storage ၊ RAM 6GB / 128GB Storage ဗားရှင်းတွေနဲ့ ထွက်လာပြီး Redmi Note 11R မှာတော့ RAM 4GB /128GB Storage ၊ RAM 6GB/128GB Storage နဲ့ RAM 8GB /128GB Storage ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ မိတ်ဆက်ထားတာပါ။

Redmi Note 11R ဖုန်းသစ်မှာ external Storage 1TB အထိ ထပ်မြှင့်နိုင်မယ့် microSD Card Slot တစ်ခုလည်း သီးသန့် ပါရှိပါတယ်။ Redmi Note 11R ကို Dimensity 700 SoC ၊ Android 12 အခြေခံ MIUI 13 တို့နဲ့ မောင်းနှင်ထားပါတယ်။ Screen Size ၆.၅၈ လက်မ FullDH+ 90Hz LCD Display နဲ့ လာပြီး Waterdrop notch ထဲမှာ 5MP Selfie ကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာထားသိုမှုနဲ့ ဒီဇိုင်းပိုင်းမှာလည်း Poco M4 5G အတိုင်းပဲ ဖြစ်ပြီး ကင်မရာနေရာတစ်ခွင်ကနေ ကျောဘက်အပေါ်ခြမ်းအထိ အပြည့်နေရာပေးထားတာ ဖြစ်ပါတယ်။
အမည်းရောင် ကင်မရာ Island နေရာရဲ့ အစွန်း ညာခြမ်းမှာ Redmi လိုဂိုတပ်ဆင်ထားပြီး ကင်မရာနဲ့ လွတ်တဲ့နေရာတွေမှာ အပြာရောင် ၊ မီးခိုးရောင်နဲ့ အမည်းရောင် ကာလာ ၃ မျိုးနဲ့ ထွက်ပါတယ်။ ကျောဘက်ကင်မရာစနစ်အနေနဲ့ 13MP Main Sensor နဲ့ 2MP Depth Sensor သုံးထားပြီး ကင်မရာ နှစ်လုံးရဲ့ အလယ်ကြားမှာ Flash မီးတစ်ခု ပါရှိပါတယ်။ စမတ်ဖုန်းလုံခြုံရေးအနေနဲ့ ဘေးဘောင်လက်ဗွေစနစ် ထည့်သွင်းထားပြီး 5G ကွန်ရက်တွေ ပံ့ပိုးထားပါတယ်။
Redmi Note 11R ဟာ အကြီးစား 5000 mAh ဘက်ထရီ သုံးထားပြီး USB-C Port ကနေ 18W Charging စနစ်အထောက်အပံ့ပေးပါတယ်။ ဖုန်းထဲမှာ ပါတဲ့ Adapter ကတော့ 10W charging ပဲ Support ပေးမှာပါ။ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ၁၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကနေ ၁၁၉၉ ယွမ် (မြန်မာငွေ ၅ သိန်းဝန်းကျင်) နဲ့ ၁၃၉၉ ယွမ် (၅ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။