• ရှေ့ဘက် နှစ်လုံးတွဲကင်မရာနဲ့ iPhone 14 Pro ပုံစံသုံးလာမယ့် Xiaomi Civi 2

လူငယ်အကြိုက်ဖက်ရှင်နဲ့ လာမယ့် Upper MId-Range ဖုန်းပါ

iPhone 14 Pro နဲ့ 14 Pro Max တို့ရဲ့ Dynamic Island ဒီဇိုင်းမျိုးကို Xiaomi အသစ်ထွက်ဖုန်းတစ်လုံးမှာ မြင်ရဖို့ ရှိပါတယ်။

လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ Xiaomi ဟာ တရုတ်နိုင်ငံမှာ Civi 2 ဖုန်းကို မိတ်ဆက်မယ်လို့‌ ကြေညာထားပါတယ်။ လောလောဆယ် ပြောနိုင်တဲ့ အချက်က Xiaomi Civi 2 ဖုန်းသစ်ဟာ ကျောဘက် 50MP Main ကင်မရာပါတဲ့ သုံးလုံးတွဲကင်မရာစနစ်နဲ့ လာမယ်ဆိုတာပါပဲ။ နောက်ထပ်ကြားလာရတာကတော့ ဒီဖုန်းဟာ ရှေ့ဘက်မှာ ဆေးတောင့်ပုံ ကင်မရာ Cutout ဒီဇိုင်းမျိုး သုံးလာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ 

image



Xiaomi Civi 2 ရဲ့ ရှေ့ကင်မရာတွေဟာ မှန်ပြင်အပေါ်ဘက် အလယ်တည့်တည့်မှာ ရှိပြီး Pill-Shaped Notch ဒီဇိုင်းနဲ့ လာပါမယ်။ ကင်မရာအနေနဲ့ 32MP Wide နဲ့ 32MP Ultrawide Lens နှစ်လုံး သုံးလာနိုင်ပါတယ်။ ဆယ်လ်ဖီကင်မရာဒီဇိုင်းဟာ အသစ်ထွက် iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ရဲ့ Dynamic Island ကင်မရာဒီဇိုင်းနဲ့ ဆင်ပါတယ်။ မတူတာက Dynamic Island လိုမျိုး Interactive ဖြစ်ပြီး သတင်းအချက်အလက်တွေ ဖော်ပြနိုင်ခြင်း မရှိတာပါပဲ။

တကယ်တော့ Pill-Shaped စတိုင် ကင်မရာ cutout ထားတာဟာ အန်းဒရိုက်ဖုန်းတွေအတွက် အဆန်းတော့ မဟုတ်ပါဘူး။ Samsung ကနေ Realme အထိ ဖုန်းအမျိုးမျိုးမှာ ညာဘေးကပ် ၊ ဘယ်ဘေးကပ် ဆေးတောင့်ပုံ Cutout ဆယ်လ်ဖီကင်မရာဒီဇိုင်းတွေ သုံးပြီးသားပါပဲ။ iPhone 14 Pro သစ်တွေကတော့ ထူးထူးခြားခြား Screen အလယ်အပေါ်တည့်တည့်မှာ Pill-Shaped Cutout ကို သုံးတာ ဖြစ်ပြီး Noti ၊ မက်ဆေ့နဲ့ သီချင်း စတဲ့ Apps တချို့ရဲ့ လုပ်ဆောင်ချက်ကိုပါ Dynamic Island မှာ ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ 

Xiaomi ရဲ့ လူငယ်ဖက်ရှင်အသားပေး Civi စီးရီးတွေဟာ ကင်မရာအရည်အသွေး နဲ့ ဒီဇိုင်းဘက်ကို ပိုပြီး Focus ထားပါတယ်။ Civi 2 ရဲ့ ကျောဘက် Primary Camera ဟာ Xiaomi 12 မှာ တွေ့ခဲ့ရတဲ့ 50MP Sony IMX766 Sensor ကို သုံးလာနိုင်ပြီး aperture ကို‌တော့ f/1.9 အစား f/1.8 ကို သုံးလာဖို့ ရှိပါတယ်။ အလင်းဖမ်းယူမှုနှုန်းမှာ Civi 2 ဟာ သူ့အရင်မျိုးဆက် ကင်မရာထက် 101.8% ပိုတိုးလာပြီး ဓါတ်ပုံရိုက်ကူးမှုအမြန်နှုန်းဟာ ၁၄၄% အထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ 

ညဘက်ဓါတ်ပုံရိုက်ချက်တွေကလည်း အရင်ထွက် ၂၄၆% ပို မြင့်မားလာနိုင်ပါတယ်။ Xiaomi ကတော့ Bionic Eyes Atmospheric Portrait အကြောင်း ပြောသွားပေမယ့် ဒီနည်းပညာရဲ့ လုပ်ဆောင်ချက်တော့ ပြောကြားခြင်း မရှိသေးပါဘူး။ လက်ရှိ ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရ Civi 2 မှာ Dolby Atmos အသံနည်းပညာ အထောက်အပံ့ပါလာနိုင်ပါတယ်။ ဆေးတောင့်ပုံ ရှေ့ကင်မရာ Cutout အပေါ်ဘက် earpiece ဘေးနားမှာ Quad-LED Flashlights တွေ သုံးလာတဲ့ပုံလည်း ထွက်ထားပါတယ်။ 



အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ Xiaomi Civi 2 ဟာ Snapdragon 7 Gen 1 SoC နဲ့ လာနိုင်ပါတယ်။ Xiaomi ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က စပြီး Civi နာမည်နဲ့ စမတ်ဖုန်း Brand သစ်ကို စတင်မိတ်ဆက်လာတာပါ။ Civi စီးရီးတွေဟာ ဒီဇိုင်းဆန်းသစ်ပြီး ဆယ်လ်ဖီကင်မရာအထူးပြုထားသလို ဈေးနှုန်းအားဖြင့်လည်း အလတ်တန်းစားဈေးနဲ့ တောက်လျှောက်မိတ်ဆက်လာတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ Civi 2 ဖုန်းသစ်ရဲ့ ဈေးနှုန်း နဲ့ တခြားအချက်အလက်တွေကိုတော့ စက်တင်ဘာ ၂၇ ရက် ဖုန်းသစ်မိတ်ဆက်ပွဲကို ဆက်ပြီး စောင့်မျှော်ရမှာ ဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က