Honor ကုမ္ပဏီဟာ ထိပ်တန်း Feature တွေ ပါတဲ့ အဆင့်မြင့်တက်ဘလက်သစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။
ဒီဇိုင်းပိုင်း ဆွဲဆောင်မှုမြင့်မားပြီး ကြီးမားတဲ့ ၁၂.၁ လက်မ IPS LCD Display သုံး Honor Pad V8 Pro ဟာ 2560 x 1600px ရုပ်ထွက်ပါရှိပြီး 10-bit Color Depth ၊ 100% DCI-P3 Color Gamut နဲ့ 144Hz Refresh Rate တို့လည်း ထည့်သွင်းထားပါတယ်။ Honor ရဲ့ အဆိုအရ ဒီတက်ဘလက်ဟာ 144Hz Refresh Rate ပါလာတဲ့ ပထမဆုံးတက်ဘလက်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: GSMArena
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက တက်ဘလက်လောကမှာ Honor Pad V8 Pro ဟာ TV တချို့မှာလိုမျိုး ရုပ်သံ Content တွေကို IMAX စံနဲ့အညီ တင်ဆက်နိုင်မယ့် IMAX Enhanced ထောက်ခံချက် ပထမဆုံးပါလာတဲ့ တက်ဘလက်လို့ ပြောပါတယ်။ အသံပိုင်းအတွက် DTS:X ပတ်ပတ်လည်အသံစနစ် အထောက်အပံ့ပေးထားတဲ့ စပီကာ ၈ လုံး တပ်ဆင်ထားပါတယ်။
Processor ကိုလည်း စွမ်းဆောင်ရည်မြင့် Dimensity 8100 SoC နဲ့လာပြီး RAM/Storage ကို 8/128GB , 8/256GB နဲ့ 12/256GB ဆိုပြီး ၃ မျိုး ထွက်ထားပါတယ်။ ကင်မရာစနစ်ကတော့ ခပ်ရိုးရိုးလို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာ 13MP f/2.0 ကင်မရာ နဲ့ ရှေ့ဘက် Fixed-Focus ပါ f/2.2 အပါချာပါ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 10050mAh ပါဝါဘက်ထရီပါပြီး 35W Fast Charging အားသွင်းစနစ်နဲ့ လာပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ Magic UI 7.0 စနစ် သုံးထားပါတယ်။ အရောင်ကိုတော့ မီးခိုးမှိုင်း ၊ အပြာ နဲ့ လိမ္မော် ၃ ရောင်နဲ့ လာပြီး လိမ္မော်ကာလာဟာ လယ်သာတုသားဒီဇိုင်း သုံးပေးထားပါတယ်။ Honor Pad V8 Pro ကို ၂၅၉၉ ယွမ် (မြန်မာငွေ ၉ သိန်းဝန်းကျင်) ၊ ၂၈၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) နဲ့ ၃၂၉၉ ယွမ် (၁၁ သိန်းဝန်းကျင်) ဈေးတွေ သတ်မှတ်ထားပါတယ်။