• ဒီရာသီပရီးမီးယားလိဂ်မှာ အနိုင်ဂိုးအများဆုံးသွင်းယူထားတဲ့ ရော်နယ်ဒို

ဘယ်ကစားသမားထက်မဆို ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။

နော်ဝှစ်ချ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် အနိုင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ပွဲစုံအနေနဲ့တော့ ၁၉ ပွဲမှာ ၁၃ဂိုးအထိ သွင်းယူထားကာ ၂ကြိမ်ဖန်တီးပေးထားလို့ ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှုက ၁၅ ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

image
ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရော်နယ်ဒိုက ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အုပ်စုပွဲ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့သလို နောက်တဆင့်တက်ရောက်နိုင်အောင်လည်း ကူညီပေးထားနိုင်ခဲ့ပါတယ်။ နော်ဝှစ်ချ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ရော်နယ်ဒိုထက်ပိုပြီး အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်တဲ့ ကစားသမားမရှိဘူးလို့လည်း သိရပါတယ်။ 
image


အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားက ပရီးမီးယားလိဂ်မှာ ၁၀၂၈ မိနစ်ကစားပေးထားပြီး ၇ ဂိုးသွင်းယူထားလို့ ၁၅၄ မိနစ် ကစားပြီးတိုင်းမှာ ၁ ဂိုးနှုန်းရရှိနေတာဖြစ်ပါတယ်။ အသင်းအတွက် အနိုင် ၃ မှတ်ရစေမယ့် ဂိုးအဖြစ် ၄ ဂိုးအထိ သွင်းယူပေးထားကာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့အတူ ပူးတွဲရပ်တည်နေပြီး ရမှတ်အားဖြင့် ၇ မှတ်အထိရှိကာ ဗာဒီတဦးတည်းက ၈ မှတ်နဲ့ သူ့ထက်အသာစီးရနေတယ်လို့ OptaJoe က ဆိုပါတယ်။ 


လက်ရှိမှာတော့ ယူနိုက်တက်က အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ရလဒ်တွေဆက်တိုက်ကျဆင်းခဲ့တဲ့ ယူနိုက်တက်က အမှတ်ပေးပွဲ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ကာ နောက်ဆုံးနှစ်ပွဲဆက်တိုက်လည်း ပေးဂိုးမရှိထားဘဲ လမ်းကြောင်းမှန်ပေါ် ပြန်တက်ရောက်နိုင်ဖို့ နိးစပ်နေပြီလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က