Dual Camera နဲ့ chipset သစ် သုံးလာတဲ့ HTC A100 တက်ဘလက်ဖြန့်ချိ

ရုရှားရူဘယ် ၁၉၉၉၀ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

       တရုတ် chipset ကုမ္ပဏီ UNISOC ထုတ်ကုန်သုံးထားတဲ့ တန်ဖိုးသင့် HTC တက်ဘလက်ကို ရုရှားဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။

           တစ်ခါက အင်အားကြီး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ခဲ့တဲ့ HTC ကို အခုချိန်မှာတော့ စမတ်ဖုန်းသစ် ထုတ်လုပ်မှု အနိမ့်ဆုံးကို ကျဆင်းလာနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ စမတ်ဖုန်းသစ်ထုတ်လုပ်မှု ဖြည်းဖြည်းချင်း လျှော့ချလာနေတဲ့ HTC ဟာ ဒီတစ်ခေါက်မှာ တန်ဖိုးသင့်တက်ဘလက်တစ်မျိုးဖြစ်တဲ့ HTC A100 ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

image


Photo: Gizmochina

           HTC တက်ဘလက်အကြောင်း Google Play Console ပေါ်မှာ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပြီး အခုမှ ရုရှားဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ HTC A100 ဟာ mid-range specs တွေနဲ့ ထွက်လာပြီး ဈေးအားဖြင့်လည်း ဒေါ်လာ ၃၀၀ အောက် ဈေးသင့်တဲ့ တက်ဘလက်သစ် ဖြစ်ပါတယ်။ Screen Size ၁၀.၁ လက်မ IPS LCD display သုံးထားပြီး 1920 x 1200p ရုပ်ထွက်ဖြစ်လို့ mid-range တက်ဘလက်တစ်လုံးအနေနဲ့ အတော်လေးကောင်းတဲ့ ရုပ်ထွက်လို့ ဆိုနိုင်ပါတယ်။

           အလူမီနီယံကိုယ်ထည်နဲ့ လာပြီး ကိုယ်ထည်ထောင့်တွေကို လုံးထားပါတယ်။ Screen ဘေးမှာ bezel ခပ်ထူထူ တွေ့ရလို့ Slim Bezel ဖြစ်တယ်လို့တော့ ပြောမရပါဘူး။ ရှေ့ကင်မရာကိုတော့ တက်ဘလက် ညာဘက် Bezel ဘောင်အလယ်မှာ တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ 13MP main sensor နဲ့ 2MP depth sensor ဆိုပြီး Dual Lens ကင်မရာ သုံးထားပါတယ်။


Photo: SlashGear

           တက်ဘလက်အောက်ခြေမှာ စပီကာ Grills နှစ်ခု ၊ SIM Tray နဲ့ USB-C port တစ်ခု ပါရှိပါတယ်။ ဘက်ထရီပါဝါ 7000mAh အား သုံးထားပြီး OS ပိုင်းမှာ Android 12 စနစ် နဲ့ လာပါတယ်။ Processor ကို UNISOC Tiger T618 chipset သုံးထားပါတယ်။ UNISOC ဟာ တရုတ် Semiconductor ကုမ္ပဏီတစ်ခုဖြစ်ပြီး HTC A100 မှာ သုံးတဲ့ UNISOC chipset ဟာ Mali G52 MP2 GPU ပါရှိပြီး LPDDR3 RAM 8GB နဲ့ internal storage 128GB နဲ့ တွဲသုံးထားပါတယ်။ နောက်ထပ် storage တိုးနိုင်ဖို့အတွက်လည်း 256GB အထိ ထပ်တိုးနိုင်တဲ့ microSD card slot တစ်ခု ပါရှိပါတယ်။

           HTC A100 ကို ရုရှားဈေးကွက်မှာ ရုရှားရူဘယ် ၁၉၉၉၀ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က