Huawei ကတော့ တန်ဖိုးသင့် MatePad သစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Huawei MatePad သစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တရုတ်မှာ မိတ်ဆက်သွားတဲ့ flagship မော်ဒယ် MatePad Pro ကို နည်းနည်းဝိတ်လျှော့ထားတဲ့ ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ Black & White ကာလာနှစ်ရောင်နဲ့ လာပြီး ၁၀.၂ လက်မ IPS display သုံးထားပါတယ်။ display ရုပ်ထွက်အနေနဲ့ 2000 x 1200 resolution ပါရှိပြီး ဒီတက်ဘလက်ကို ပညာရေးသုံး ထုတ်ကုန်တစ်ခုအဖြစ် အသားပေး ကြေညာထားပါတယ်။

Photo: GSMArena
Huawei MatePad 10.4 ဟာ အပြာရောင်အလင်းတွေ စစ်ထုတ်ရုံတင်မဟုတ်ဘဲ အပြင်မှာ စာဖတ်နေရသလိုမျိုး အဖြူအမည်း e-Paper ခံစားမှုဖြစ်စေမယ့် Special Reading Mode ထည့်ထားပါတယ်။ ဒီစာဖတ်စနစ်ဟာ စာဖတ်သူရဲ့ မျက်လုံးအကွာအဝေး အနေအထားနဲ့ တက်ဘလက်အကြားကိုပါ စောင့်ကြည့်နိုင်ပါတယ်။
Huawei MatePad မှာ သုံးတဲ့ EMUI ဟာ Multi-Window Support ပေးထားပြီး Android 10 OS ပေါ် အခြေခံထားတာပါ။ ဒီတက်ဘလက်မှာ M-Pencil stylus ပံ့ပိုးထားလို့ တက်ဘလက်ပေါ် ဒီဇိုင်းရေးဆွဲတာ ၊ မှတ်စုရေးတာတွေ လုပ်ဆောင်နိုင်မှာပါ။ Huawei MatePad သစ်မှာ မိုက်ခရိုဖုန်း ၄ ခုနဲ့ Harman Kardon စပီကာ ၄ ခု သုံးထားပါတယ်။
Photo: GSMArena
5G ကွန်ရက် မပါပေမယ့် 2.27GHz 7nm Kirin 810 octa-core processor ဟာ Kirin 8 series ထဲက အားအကောင်းဆုံး Chipset ထဲက တစ်ခု ဖြစ်ပြီး DaVinci NPU ၊ GPU Turbo ပါတဲ့ Mali-G52 MP6 ဂရပ်ဖစ်တို့ ပါဝင်ပါတယ်။ တရုတ်ဈေးကွက်ထဲမှာ RAM4GB/64GB နဲ့ RAM 6GB/128GB storage နှစ်မျိုးထွက်ထားပြီး WiFi နဲ့ LTE နှစ်မျိုး ထွက်ထားပါတယ်။
WiFi ဗားရှင်း RAM 4GB/64GB storage ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၈ သောင်းခွဲခန့်) နဲ့ RAM 6GB/128GB storage ကို ၂၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၄ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ LTE မော်ဒယ် RAM 6GB/128GB storage ဗားရှင်းကို ၂၄၉၉ ယွမ် (မြန်မာငွေ ၅ သိန်းကျော်) နဲ့ ဧပြီ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။