• သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ

စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာပါ။

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- တော့တင်ဟမ်ဟော့စပါး နောက်ခံလူ အယ်ဒါဝီရယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံနောက်ခံလူအအတွက် မန်ယူက ကြိုးစားနေခဲ့တာဖြစ်ပြီး စပါးအသင်းက ပေါင်၇၅သန်းအထိ တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်သေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အယ်ဒါဝီရယ်ဟာ နောက်နှစ်နွေရာသီမှာ မန်ယူအသင်းကို ပေါင်၂၅သန်းနဲ့ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးရှိတာကြောင့် စပါးအနေနဲ့ အမြန်ဆုံးပြန်လည်ရာင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ မြန်မာယူ-၁၆ 

image

Photo : Goal.com

 

- မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူ မားကို့စ်ရိုဟိုကို အဲဗာတန်အသင်းနဲ့ အပြိုင် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အသက် (၂၈)နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူကို မန်ယူအသင်းက ရောင်းချပြီး အခြားသော ခံစစ် အားဖြည့်မှုများ ပြုလုပ်ဖို့အတွက် ငွေကြေးရှာဖွေသွားမှာဖြစ်ပါတယ်။ ရိုဟိုကို မာဆေးလ် နဲ့ ဇင်းနစ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo : Goal.com

 

- ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဝီဖရိုက်ဒ်ဇာဟာက သူ့အနေနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ချင်တယ်လို့ အသင်းဖော်များကို ပြောကြားခဲ့ကြောင်း Mirror က ဖော်ပြလိုက်ပါတယ်။ အသက် (၂၅)နှစ်သာ ရှိသေးတဲ့ အိုင်ဗရီကို့စ်ကစားသမားဟာ ပဲလေ့စ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အသင်းကထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဝီလီယံ အသင်းက ထွက်ခွာဖွယ်ရှိတာကြောင့် ဇာဟာကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo : Goal.com

 

- ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ကြိုးစားမှုဟာ ဖြစ်မြောက်လာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် (၃၁)နှစ်အရွယ် ချီလီကစားသမားအတွက် ဘာစီလိုနာက ယူရိုသန်း၂၀သာ ကုန်ကျမှာ ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ Goal.com က ရေးသားခဲ့ပါတယ်။ ဗီဒယ်ကို ခေါ်ယူဖို့ အင်တာမီလန် နဲ့ မန်ယူတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

Photo : Goal.com

 

- ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဗာရက်တီကို ခေါ်ယူဖို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက မျက်စိကျနေကြောင်း 90 min က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအားကောင်းလာအောင် ဂွာဒီယိုလာက တည်ဆောက်လိုနေပြီး ဗာရက်တီကို ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ ယူရိုသန်း၁၀၀ ခန့် တန်ကြေးရှိမယ်လို့ ခန့်မှန်းရတဲ့ အီတလီကွင်းလယ်လူကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရှိပါက ပီအက်စ်ဂျီကလည်း ပြန်လည်ရောင်းချဖွယ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က