• ရော်နယ်ဒိုရဲ့အားကစားသမားပီသတဲ့စိတ်ဓာတ်ကြောင့် ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဆိုရန်တီနို

ရော်နယ်ဒိုနဲ့ထိခိုက်မိပြီး လူစားလဲလှယ်ခဲ့ရသူပါ။

ချီယေးဗိုးအသင်းရဲ့ဝါရင့်ဂိုးသမားကြီး စတီဖာနိုဆိုရန်တီနိုဟာ ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို ဂန္တဝင်ကစားသမားလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့ဲတဲ့ ချီယေးဗိုးအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ ထိခိုက်မိပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားတာကြောင့် ဆိုရန်တီနိုကို လူစားလဲခဲ့ရပါတယ်။

image
 

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတီဖာနိုဆိုရန်တီနိုဟာ ဂျူဗင်တပ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် မိနစ် ၉၀ မှာ ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ထိခိုက်မိပြီး နှာခေါင်းရိုးကျိုး၊ ဦးခေါင်းနာကျင်၊ ပုခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့ပါတယ်။ ချီယေးဗိုးအသင်းရဲ့ဂိုးသမား ဆိုရန်တီနိုဟာ ဖြတ်တင်လိုက်တဲ့ဘောလုံးကို ထွက်အဆွဲမှာ ရော်နယ်ဒိုရဲ့ ပေါင်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ဆိုရန်တီနိုရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဆာရာရပ်ဂီရီက ယင်းဖြစ်ရပ်မှာ ရော်နယ်ဒိုကို အမြင်မကြည်မလင်ဖြစ်နေတာကြောင့်် သူ့ကို မလေးစားနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆိုရန်တီနိုကတော့ ၎င်းရဲ့လူမှုကွန်ရက် တွစ်တာမှာ ရော်နယ်ဒိုရဲ့ အားကစားသမားပီသတဲ့စိတ်ဓာတ်ကို ချီးကျူးပြီး ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

 

"ရင်းရင်းနှီးနှီးနဲ့ အမြန်ဆုံးဒဏ်ရာတွေကနေ ပြန်လည်သက်သာပါစေလို့ ရော်နယ်ဒိုဆီကနေ ဆုတောင်းစကားကို လက်ခံရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ဂန္တဝင်ကစားသမားရေ"လို့ ရေးသားထားပါတယ်။

ကစားသမားအချင်းချင်း အလဲအထပ်သဘောတူညီမှုရဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီနဲ့ဘာစီလိုနာ 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချီယေးဗိုးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ချီယေးဗိုးအသင်းဂိုးသမား ဆိုရန်တီနိုက အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က