နှင်းဆီအဖွဲ့သားတွေထဲမှာဆိုရင် အကယ်ဒမီရဖို့အတွက် ရဲလေးတစ်ယောက်ပဲ ကျန်ပါတော့တယ်။ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းတို့က အကယ်ဒမီဆုတွေ ပိုင်ဆိုင်သွားခဲ့ပါပြီ။

Photo : ထွန်းထွန်း
သရုပ်ဆောင် ထွန်းထွန်းက နှင်းဆီအဖွဲ့သားတွေထဲမှာ အငယ်ဆုံးဖြစ်သူ ညီငယ် ရဲလေးကို အကယ်ဒမီဆုရဖို့အတွက် ကြိုးစားရန် တိုက်တွန်းလိုက်ပါတယ်။ ထွန်းထွန်းက အကယ်ဒမီပေးပွဲနေ့မှာ ရဲလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ပြီး ယခုလို ပြောထားတာပါ။
“ရကောက်ရေ ငါတို့ နှင်းဆီမှာ လူစုံဖို့နင်ပဲ ကျန်တာနော်။ အသားကုန် ကြိုးစားပါ ဒါပဲပြောလိုပါတယ်။” ဆိုပြီး မတ်လ(၂၃) ရက်နေ့က ရေးသားထားတာပါ။
နှင်းဆီအဖွဲ့သားတွေထဲမှာဆိုရင် မင်းသားတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့က အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတွေ ဖြစ်ပါတယ်။
Photo : ထွန်းထွန်း
ရဲလေးကိုယ်တိုင်ကလည်း အကယ်ဒမီဆုရနိုင်ဖို့အတွက် ကြိုးစားသွားပ့ါမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေပေးခဲ့ပါသေးတယ်။
“ကျွန်တော်လည်း အကယ်ဒမီဆိုတဲ့အရာလေးကို လိုချင်တာပေ့ါဗျာ။ အငယ်ဆုံးကောင်လေးပဲ ကျန်တော့တာဆိုတော့ ကြိုးစားပ့ါမယ်လို့ ပြောချင်ပါတယ်” လို့ မတ်လ(၂၃) ရက်နေ့က ပြောခဲ့တာပါ။
Photo :ရဲလေး
အနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူ့ကို အကယ်ဒမီဆုကြီးနဲ့ မြင်တွေ့နေချင်ပြီလို့ ထွန်းထွန်းရဲ့ ကောမန့်တွေမှာ ပြောထားတာတွေ့ရပါတယ်။