သံသယရှိသူတစ်ယောက်ရဲ့ iPhone ကို unlock လုပ်ဖို့သူ့ရဲ့ လက်ဗွေနဲ့မျက်နှာပြင်လိုမျိုး ဇီဝလုံခြုံရေး features တွေကို ဖိအားပေး ဖွင့်ခိုင်းခွင့်မရှိကြောင်း မြောက်ကယ်လီဖိုးနီးယား တရားရုံးက ပြီးခဲ့တဲ့ အပတ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

အုတ်ခ်ကလန်းမှာ ဖြစ်ပွားခဲ့တဲ့ ခြိမ်းခြောက်ငွေညှစ်မှုရဲ့ တရားခံအကြောင်း စုံစမ်းနေစဉ်မှာ ဒီအမိန့်ထွက်လာခဲ့တာ ဖြစ်တယ်လို့Forbes သတင်းမှ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အမှုပေါ်ပေါက်ဖို့ဖုန်း ကွန်ပျူတာအမြောက်အများကို သိမ်းဆည်းခွင့်နဲ့ဒီပစ္စည်းတွေကို ပိုင်ရှင်ရဲ့ ဇီဝလုံခြုံရေးစနစ်နဲ့unlock လုပ်ခွင့်ကို တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
တရားရုံးအနေနဲ့အခုလိုမျိုး ရှာဖွေရေးဝရမ်းထုတ်ပေးဖို့အကြောင်းအားဖြင့် မှန်ကန်ပေမယ့် ဥပဒေပြင်ဆင်ခြင်း အပိုဒ် ၄ နဲ့၅ ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ငြင်းဆန်ခဲ့တာပါ။ ဒီဥပဒေအရ " အစိုးရသည် အာဏာပိုင်တစ်ရပ်ရပ်အား ရှာဖွေရေးပုံစံအဖြစ် ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုခုကို ဖွင့်ဖို့အတွက် လက်မ လက်ဗွေနဲ့မျက်နှာပြင် ၊ မျက်စိစကင်ဖတ်သည့် လုံခြုံရေးစနစ်ကို ရှာဖွေဝရမ်းအဖြစ် တောင်းခံခြင်းအား ဥပဒေပြင်ဆင်ခြင်း အပိုဒ် ၄ နှင့် ၅ အရ တရားရုံးမှ ငြင်းပယ်သည်"လို့တရားရုံးက ဖော်ပြထားပါတယ်။
အပိုဒ် ၅ အရ သံသယရှိသူရဲ့ ထုတ်ကုန်မှာပါတဲ့ passcode ကို ဖြည်ဖို့ကာယကံရှင်ကို ဖိအားမပေးရလို့ဆိုပါတယ်။ ဇီဝလုံခြုံရေး features ဆိုရာမှာ Touch ID ၊ Face ID များ ပါသလို စနစ်လုံခြုံရေးအတွက် သုံးတဲ့ passcode နဲ့တစ်ခြား နည်းလမ်းများလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက FBI ရဲတပ်ဖွဲ့ဟာ ကလေးငယ်ပေါ် မတော်မတရားပြုကြောင်း သံသယရှိသူရဲ့ iPhone ကို သူ့Face ID နဲ့lock ဖွင့်ခိုင်းခဲ့ပါတာကြောင့် ယခုတရားရုံး စီရင်ချက်ဟာ နောက်ပိုင်း တရားစီရင်ရေးကို ပြောင်းလဲစေနိုင်ဖို့ရှိပါတယ်။
၂၀၁၅ ခုနှစ်က လူ ၁၄ ဦးကို အသေသတ်သွားခဲ့တဲ့ ဆန်ဘာနာဒီနို အကြမ်းဖက်မှုမှာ Apple နဲ့FBI တို့ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ထိုစဉ်က အကြမ်းဖက်သမား ကိုင်ထားတဲ့ iPhone 5C ကို လော့ခ်ဖြည်ဖို့FBI ရဲ့ တောင်းဆိုချက်ကို Apple က ငြင်းဆန်ခဲ့ပါတယ်။ Apple ဟာ iPhone user များရဲ့ လုံခြုံရေးအရ ဖုန်း lock ဖြည်တဲ့ ကိစ္စကို မလုပ်ဆောင်ခဲ့တာလို့သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
Photo: macrumors
Apple ကတော့ iPhone လုံခြုံရေးအတွက် iOS 11 မှာ ဖုန်းဘေးက ခလုတ်ကို ၅ ခါ ဆက်တိုက်နှိပ်ပြီး Touch ID နဲ့Face ID တို့ကို အလိုအလျောက် disable လုပ်နိုင်တဲ့ စနစ် ထည့်သွင်းခဲ့ပါတယ်။