• iPhone XS သစ်များအတွက် chip ရောင်းဖို့Qualcomm ငြင်းဆန်ခဲ့

5G iPhone တွေကတော့ နောက်ကျဦးမှာပါ

Apple အနေနဲ့နောက်ဆုံးထွက် iPhone တွေမှာ Qualcomm ထုတ် modems တွေ သုံးချင်ခဲ့တယ်လို့တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

image

         အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် FTC ရှေ့မှောက် အစစ်ဆေးခံချက်မှာ Apple ရဲ့ COO ဖြစ်တဲ့ ဂျက်ဖ်ဝီလျံက ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပြီး Qualcomm နဲ့လိုင်စင်ကိစ္စနဲ့ပတ်သက်လို့တရားစွဲမှုတွေ ဖြစ်ပြီးနောက် Apple ကို မရောင်းတော့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၈ ထုတ် iPhone XR/XS နဲ့iPhone XS Max တို့မှာ Intel ရဲ့ ထုတ်ကုန်တွေကို ပြောင်းလဲ အသုံးပြုခဲ့တာပါ။

         FTC ဟာ wireless chips ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုနဲ့သူ့ချပ်စ်တွေကိုပဲ ကုမ္ပဏီတွေ သုံးရအောင် ဖိအားပေးမှုတွေနဲ့Qualcomm ကို စွပ်စွဲမှု ပြုလုပ်ထားပါတယ်။ ဥပမာအားဖြင့်် Qualcomm ဟာ သူ့နည်းပညာကို အသုံးပြုထားတဲ့ iPhone တစ်လုံးပေါ် ဒေါ်လာ ၇.၅၀ ကောက်ခံပါတယ်။ Apple ဘက်မှ Qualcomm ဟာ လိုင်စင်ကြေးတွေမှာ မရိုးမသားလုပ်မှု ၊ ကတိသစ္စာမတည်ကြည်မှုတွေကြောင့် တရားစွဲခဲ့တာလို့ဆိုပါတယ်။

         တရားစွဲဆိုထားပေမယ့် Apple အနေနဲ့Qualcomm ရဲ့ နည်းပညာကို သဘောကျကြောင်းလည်း ဝီလျံက ပြောပါတယ်။ Qualcomm နဲ့ညှိနှိုင်းစဉ်မှာလည်း Apple အနေနဲ့Qualcomm ချပ်စ်တွေပဲ သုံးရမယ်ဆိုတဲ့ သဘောတူညီချက်ပေး လက်မှတ်ထိုးဖို့ဖိအားပေးခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ တကယ်လို့Apple ဘက်မှ သဘောမတူဘူးဆိုရင် ထုတ်ကုန်တစ်ခုအတွက် ၇.၅ ဒေါ်လာ ကောက်ခံရာကနေ ကြေးနှုန်း ပိုပြီး မြှင့်မယ်လို့လည်း ဆိုပါတယ်။


         " တစ်နှစ်ကို လိုင်စင်ကြေးကပဲ ဒေါ်လာ ၁ ဘီလျံ ကျော်တက်လာတာကို ကြည့်နေရတာဟာ ကျွန်တော်တို့ခေါင်းကို သေနတ်တစ်လက်နဲ့ချိန်ထားသလိုပါပဲ" လို့ဝီလျံက ဆိုပါတယ်။ "တကယ်လို့အဲ့ဒါကို လက်မခံပြန်ရင်လည်း သူတို့ဘက်က ထုတ်လုပ်မှု ကန်ထရိုက်ကို ၁၇ ဒေါ်လာ ၊ ၁၈ ဒေါ်လာထားတော့မှာပါ။ ကျွန်တော်တို့ဘက်ကလည်း သူတို့ရဲ့ chip supply ကို လိုတာပဲ။ ကျွန်တော်တို့မှာလည်း ရွေးစရာ များများစားစားမရှိပါဘူး"

         ကမ္ဘာ့အကြီးဆုံး chip maker ဖြစ်တဲ့ Qualcomm နဲ့ပြဿနာတက်တာဟာ Apple အတွက် 5G ဖုန်းထုတ်မယ့်ကိစ္စကို အများကြီး ကြန့်ကြာသွားစေဖို့ရှိပါတယ်။ တစ်ဘက်မှာလည်း အန်းဒရိုက်ဖုန်းကုမ္ပဏီတွေဟာ ဒီနှစ်ထဲမှာ 5G ဖုန်းတွေ မိတ်ဆက်ဖို့တာစူနေပြီ ဖြစ်ပါတယ်။ Apple အနေနဲ့5G ဖုန်းထုတ်ဖို့အတွက် Intel တင်မဟုတ်ဘဲ Samsung နဲ့MediaTek တို့ကိုလည်း ရွေးချယ်သွားဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။

Photo: Digital Trends

         ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က Apple ဟဟာ Qualcomm က အင်ဂျင်နီယာတွေ ငှားထားတယ်လို့ဆိုတာကြောင့် ကိုုယ်ပိုင် modem ထုတ်သွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က