၂၀၁၉ မှာ 5G iPhone တွေ မြင်ရမလားဆိုတာက အတော်လေး နီးစပ်တဲ့ ယူဆမှုတစ်ခုပါ။

Apple ဟာ တစ်ခြား စမတ်ဖုန်း maker တွေလိုပဲ 5G ဖုန်းနဲ့ဈေးကွက်မှာ ဦးဆောင်ဖို့ကြိုးပမ်းနေပါတယ်။ ၂၀၁၇ ကစပြီး ကမ္ဘာ့အကြီးဆုံး chip maker ဖြစ်တဲ့ Qualcomm နဲ့တရားတဘောင်တွေ ဖြစ်ပြီးတဲ့နောက် Apple ဟာ 5G modem တွေ အတွက် Intel ကို supplier အဖြစ် ရွေးချယ်ထားတာပါ။
သောကြာနေ့က အမေရိကန်ဖက်ထရယ်ကုန်သွယ်ရေး ကော်မရှင်နဲ့ Qualcomm အကြား အမှုကြားနာမှုမှာ Apple ရဲ့ အမှုဆောင်တစ်ယောက်ရဲ့ သက်သေခံချက်အရ ဒီနှစ်ထုတ် iPhone တွေအတွက် 5G modem တွေကို Intel အပြင် Samsung နဲ့MediaTek တို့နဲ့လည်း စကားပြောထားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က အဓိက chip supplier အဖြစ် ရွေးထားတဲ့ Intel နဲ့Apple အကြားမှာလည်း ပြဿနာတစ်ချို့ရှိထားတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။
CTech ရဲ့ သတင်းမှာတော့ Apple ဟာ ၂၀၂၀ ထုတ် 5G iPhone တွေအတွက် 5G ၊ Wi-Fi နဲ့Bluetooth chip အစိတ်အပိုင်းတွေကို Intel ဆီက မမှာတော့ဘူးလို့ဆိုပါတယ်။ Sunny Peak လို့Intel က နာမည်ပေးထားတဲ့ ဒီ modem ထုတ်လုပ်မှုဟာ ချပ်စ်တစ်ခုတည်းနဲ့5G ၊ Wi-Fi နဲ့Bluetooth ဆက်သွယ်မှုတွေ ပါရမှာ ဖြစ်ပေမယ့် ၂၀၂၀ ထုတ် iPhone တွေမှာ ဒီ modem မျိုး မပါနိုင်တာကြောင့် Apple ဟာ Intel ကို သတိပေးထားတယ်လို့အစ္စရေးသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Apple ဟာ ၂၀၁၁ ကနေ ၂၀၁၆ အထိ iPhone chips တွေအတွက် Qualcomm ဆီကိုပဲ မှာခဲ့ပြီး ၂၀၁၆ ထဲမှာ Intel ကိုပါ လုပ်ငန်းအပ်လာခဲ့တာပါ။ Apple ရဲ့ supply chain အမှုဆောင် တိုနီဘယ်လ်ဗင်ရဲ့ ပြောကြားချက်အရ နောက်ထပ် chip supplier တွေအဖြစ် ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီ Samsung နဲ့MediaTek တို့ကိုလည်း ထည့်စဉ်းစားထားတယ်လို့ဆိုပါတယ်။ အဓိကကတော့ 5G iPhone အတွက် လိုအပ်တဲ့ chip တွေ ဝယ်ဖို့ဖြစ်ပါတယ်။
Photo: Macrumours
တစ်ချို့သတင်းတွေကတော့ ဒီနှစ်ထဲမှာ 5G iPhone မြင်ရဖို့ရှိပြီး တစ်ချို့ကလည်း ၂၀၂၀ ရောက်မှ မိတ်ဆက်နိုင်ဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။