• တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံသားတွေ မြန်မာနိုင်ငံကို လာရင် show money ပြဖို့မလိုတော့

တစ်နှစ်ဗီဇာကင်းလွတ်ခွင့်ပေးထားတာပါ။

သာမာန်နိုင်ငံကူးူလက်မှတ်ကိုင်ဆောင်ထားတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားတွေကို အရင်သတ်မှတ်ထားတဲ့ show money ဒေါ်လာတစ်ထောင်ပြရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တယ်လို့ တိုကျိူအခြေစိုက် မြန်မာနိုင်ငံသံရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

yangon_transportation_2.jpg 

“ အစကတည်းကပယ်ဖျက်သင့်တာပါ။ မြန်မာနိုုင်ငံက လက်ရှိမှာခရီးသွားဝင်ရောက်မှုကျဆင်းနေတဲ့အချိန်မှာ ခရီးသွားတိုးမြှင့်ဖို့ အတွက် ရနိုင်သလောက် အကုန်ကြိုးစားရမယ့်အချိန်မှာ ဒီလို show money ပြဖို့ လိုတယ်ဆိုတာက မဖြစ်သင့်တာပါ။ အခုလို ဖျက်ပေးလိုက်တော့ အရင်ကထက် ပိုကောင်းလာမှာပါ “လို့ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ မသူဇာက ပြောပါတယ်။

မြန်မာနိုင်ငံကိုလာမယ့် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး၂၀၁၉ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ထားပြီး ဗီဇာကင်းလွတ်ပြုထားတာဖြစ်ပါတယ်။

image
 

အဲ့ဒီလို ဗီဇာကင်းလွတ်ခွင့်ပေးရာမှာ အရင်ကထုတ်ပြန်ထားတဲ့ အချက်တွေထဲက အချက်တွေဖြစ်တဲ့ show money ဒေါ်လာ ၁၀၀၀ ပြဖို့ လိုတယ်ဆိုတာနဲ့ တစ်လအတွင်းမှာ အပြန်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်(ဒါမှမဟုတ်) အခြားနိုင်ငံကို ပြန်ထွက်မယ့် လေယာဉ်လက်မှတ်ကို ပြသနိုင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တာပါ။

မြန်မာနိုင်ငံကို လာမယ့် ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်တစ်နှစ်သတ်မှတ်ပေးထားပြီးတော့အောက်တိုဘာလ ၁ ရက်နေ့က နေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ အထိ တစ်နှစ်ကာလသတ်မှတ်ထားတာဖြစ်ပါတယ်။ 

 

Share

Loading Next Article...
က္က