ချစ်သုဝေကတော့ Covid စောင့်ကြည့်လူနာတွေ ထားနိုင်ဖို့ ဆေးရုံ(၄) ရုံမှာ သိန်း(၂၀၀)တန်ဖိုးရှိ Tent တွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Photo: Chit Thu Wai
ချစ်သုဝေကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် Covid ကာလအတွင်း အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ ဖောင်ဒေးရှင်း အနေနဲ့ အထိရောက်ဆုံး အလှူတစ်ခုဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
" COVID ဒုတိယလှိုင်းမှာခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ် 1 ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး ( ရေ၊ မီး၊ airconနဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ 30 ဆံတဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ"ဆိုပြီးတော့ စက်တင်ဘာလ(၁၅) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo: Chit Thu Wai
Covid စောင့်ကြည့်လူနာများ ထားလို့ရမယ့် ဆေးရုံ(၄) ရုံစာအတွက် Tent (၄) လုံးအပြင်၊ ငှားရမ်းခ(၂)လစာအတွက် ကိုပါ ငွေကျပ်သိန်း(၈၀၀) လှူဒါန်းသွားမယ်လို့ ချစ်သုဝေက ဆိုပါတယ်။
ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။