• Facebook ရဲ့ Free အင်တာနက်သုံးကာမှ ပိုက်ဆံကုန်ပေါက်နဲ့ ကြုံခဲ့ကြ

ဒီအစီအစဉ်ကို ကမ္ဘာတလွှားက လူသန်းပေါင်း ၃၀၀ ကျော်က အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အင်တာနက်အလကားသုံးနိုင်အောင် လုပ်ထားတဲ့ Facebook ဝန်ဆောင်မှုသုံးသူတွေဟာ ကိုယ့်အိတ်ထဲက ပိုက်ဆံစိုက်ရတဲ့အဖြစ်နဲ့ ကြုံခဲ့ကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိ Meta လို့ နာမည်ပြောင်းထားတဲ့ Facebook ဟာ ပါကစ္စတန် ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အင်တာနက်အခမဲ့သုံးနိုင်ဖို့ဆိုပြီး Free Basics နာမည်နဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ဆောင်ထားတာပါ။ ၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ ဒီအစီအစဉ်ကို ကမ္ဘာတလွှားက လူသန်းပေါင်း ၃၀၀ ကျော်က အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ 

image

Photo: gonewsbook


Meta Connectivity (ယခင် Facebook Connectivity) ကနေ လွှင့်တင်ထားတဲ့ Free Basics အစီအစဉ်ဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆက်သွယ်ရေးကိရိယာတွေ ၊ ကျန်းမာရေးသတင်းအချက် ၊ ပညာရေးအရင်းအမြစ်တွေနဲ့ တခြား Bandwidth နိမ့်တဲ့ ဝန်ဆောင်မှုတွေ အခမဲ့ရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားတာပါ။ The Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာတော့ Facebook ရဲ့ အခမဲ့အင်တာနက်အစီအစဉ်ကို သုံးနေတဲ့ ပါကစ္စတန်က သုံးစွဲသူတွေဟာ စုစုပေါင်း ဒေါ်လာ ၁.၉ သန်းအထိ ပိုက်ဆံသုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 


ပါကစ္စတန်နိုင်ငံသားတွေအပြင် တခြား နှစ်ဒါဇင်နီးပါးရှိတဲ့ နိုင်ငံတွေမှာလည်း အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ Facebook ရဲ့ အဆိုအရ အခုလို ဖြစ်ရတာဟာ ဆော့ဖ်ဝဲလ်ပိုင်း ချို့ယွင်းချက်ကြောင့် ဖြစ်ရပြီး အခုချိန်မှာ ပြန်ပြုပြင်ထားနိုင်ပြီလို့ ဆိုပါတယ်။ Free Basics အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေက Facebook နဲ့ မိတ်ဖက်ပြုထားတဲ့ မိုဘိုင်းလ်တယ်လီကွန်းတွေဟာ Facebook နဲ့ တခြားဝက်ဘ်ဆိုက်တချို့ အခမဲ့သုံးနိုင်အောင် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ 


"ကုမ္ပဏီအတွင်းက လာတဲ့ အထောက်အထားတွေအရ ဒီလူတွေ အတော်များများဆီက တစ်လကို ဒေါ်လာသန်းနဲ့ချီအခကြေးငွေကောက်ခံကြသွားကြတယ်လို့ ဖော်ပြနေပါတယ်။ "လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Meta ရဲ့ ခန့်မှန်းချက်အရ တယ်လီကွန်းအော်ပရေတာတွေဟာ ပြီးခဲ့တဲ့ နွေရာသီအထိ အစီအစဉ် အခမဲ့သုံးစွဲသူတွေဆီကနေ တစ်လကို ဒေါ်လာ ၇.၈ သန်းအထိ ဖြတ်ယူနေကြတယ်လို့ ဆိုပါတယ်။ 


သုံးစွဲသူအများစုဟာ တစ်လကို ဒေါ်လာအနည်းငယ်လောက် ပေးရတဲ့ ဈေးချိုတဲ့ Plan တွေနဲ့ အင်တာနက်ဒေတာ သုံးနေကြတာပါ။ သူတို့ရဲ့ Prepaid အစီအစဉ်တွေထဲကနေ မိုဘိုင်းဒေတာသုံးလို့ ငွေဖြတ်တာတောင် မသိကြဘူးလို့ ဆိုပါတယ်။ Free အင်တာနက်သုံးသူတွေဟာ Free Basics အစီအစဉ်မှာ တက်လာတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ ကြည့်မိရာကနေ မိုဘိုင်းဒေတာထဲက ဖြတ်ခံရတာ ဖြစ်ပါတယ်။ 

Photo: Gizmodo


Free Basics အစီအစဉ်မှာ ဗွီဒီယိုတွေ ကြည့်ခွင့် ပေးမထားပါဘူး။ Facebook ရဲ့ ဆော့ဖ်ဝဲလ်နဲ့ UI ချို့ယွင်းမှုကြောင့် အခမဲ့အစီအစဉ်ထဲမှာ ဗွီဒီယိုတွေ တက်လာခဲ့တာပါ။ ဗွီဒီယိုကြည့်သူမိသူတွေကိုလည်း Free Basics မှာ ဗွီဒီယိုကြည့်ပါက ဒေတာထဲက ဖြတ်သွားမယ့်အကြောင်း အသိပေးခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ Facebook ရဲ့ တွေ့ရှိချက်အရ မလိုအပ်ဘဲ ဒေတာအဖြတ်ခံရမှုရဲ့ ၈၃% ခန့်ဟာ ဒီလို ဗွီဒီယိုတွေကြောင့်လို့ ဆိုပါတယ်။

အိန္ဒိယတယ်လီကွန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ TRAI ဟာ content ပေါ် အခြေခံပြီး ဒေတာဝန်ဆောင်မှုအတွက် သီးသန့်အခွန်ခွဲကောက်မှု ပိတ်ပင်လိုက်ပြီးနောက် ၂၀၁၆ ခုနှစ်ကစလို့ Facebook ရဲ့ Free Basics အစီအစဉ်ဟာ အိန္ဒိယနိုင်ငံမှာ အသုံးပြုနိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က