MWC 2019 မှာ အကောင်းဆုံးဖုန်းဆု ရထားပါတယ်

တစ်နှစ်ထက် တစ်နှစ် Huawei flagship ဖုန်းမော်ဒယ်တွေရဲ့ ဝယ်လိုအားက တက်လာတယ်လို့ဆိုရမှာပါ။

         နိုဝင်ဘာလဆန်းပိုင်းက ဈေးကွက်ထဲ ရောက်လာတဲ့ Huawei Mate 20/ Mate 20 Pro တို့ဟာ ၄ လကျော် ၅ လအတွင်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့ပြီဖြစ်တယ်လို့Huawei ရဲ့ Consumer Business ပိုင်းအမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုက သူ့ရဲ့ Weibo ကနေ ကြေညာထားပါတယ်။




         ဒီစံချိန်ဟာ ၂၀၁၈ ပထမနှစ်ဝက်မှာ ထွက်ခဲ့တဲ့ Huawei P20 စီးရီးတွေရဲ့ ဝယ်လိုအားကို လိုက်မီခဲ့ပါတယ်။ triple lens စပြီး သုံးလာတဲ့ Huawei P20/P20 pro တို့မှာလည်း ၅ လအတွင်း အလုံးရေ ၁၀ သန်းရောင်းချနိုင်ခဲ့တဲ့ စံချိန်သစ် တင်ခဲ့တာပါ။ ဒီအရင် Huawei Mate 10 မော်ဒယ်တွေမှာတော့ ဒီစံချိန်မှီဖို့၁၀ လကြာခဲ့တာလည်း ဖြစ်ပါတယ်။



         Huawei Mate 9 flaship မော်ဒယ်မှာ ၄ လအတွင်း အလုံးရေ ၅ သန်းရောင်းချနိုင်ခဲ့တာဖြစ်လို့Huawei flagship ဖုန်းတွေရဲ့ ရောင်းအားဟာ နှစ်အလိုက်တက်လာတာကို တွေ့ရတာ ဖြစ်ပါတယ်။ ၂၀၁၈ ထဲမှာ ထူးခြားတာက Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာအတွက် Apple ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

Photo: Trusted Reviews

         တရုတ်ဖုန်းဈေးကွက်မှာလည်း Huawei ဟာ ဈေးကွက်ဝေစု ၂၉% နဲ့အများဆုံး သိမ်းပိုက်နေရာယူထားပြီး အရင်နှစ်က ရောင်းအားထက် ၂၃.၃% တက်လာခဲ့တယ်လို့IDC ရဲ့ နောက်ဆုံးသုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥရောပဈေးကွက်မှာလည်း Huawei ဟာ ဈေးကွက်ဝေစု ၂၃.၆% နဲ့နှစ်အလိုက်ရောင်းအား ၅၅.၇% တက်လာခဲ့တယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Huawei ဟာ Balong 5000 modem သုံးထားတဲ့ ကမ္ဘာ့အပါးလွှာဆုံး 5G foldable ဖုန်းကို MWC 2019 မှာ ကြေညာခဲ့သလို Huawei Mate 20 Pro ကလည်း အကောင်းဆုံးစမတ်ဖုန်းဆု ရရှိခဲ့ပါတယ် ။ လက်ရှိမှာ Huawei ဟာ ထုတ်ကုန်များ အပိတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်ကို တရားစွဲဆိုထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က