• Google ရဲ့ ပထမဆုံးစမတ်နာရီ Pixel Watch ကြေညာ

ဒီနှစ် ဆောင်းရာသီမှာ ဈေးကွက်တင် ဖြန့်ချိသွားဖို့ ရှိပါတယ်

Google ရဲ့ Developer Conference ပွဲကနေ ထွက်လာတဲ့ စိတ်ဝင်စားစရာထုတ်ကုန်တွေထဲမှာ စမတ်နာရီသစ်လည်း ပါဝင်လာပါတယ်။ 

ဗုဒ္ဓဟူးနေ့က ကျင်းပသွားတဲ့ Google I/O Conference ပွဲအတွင်းမှာ ကာလရှည်စောင့်မျှော်နေကြတဲ့ ကုမ္ပဏီရဲ့ပထမဆုံး စမတ်နာရီ Google Pixel Watch အကြောင်းလည်း ကြေညာသွားခဲ့ပါတယ်။ ဆောင်းရာသီမှာ ဈေးကွက်ဝင်ဖို့ ရှိတဲ့ Pixel Watch ဟာ ကြိုတင် သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း နာရီအိုးအဝိုင်းနဲ့လာပြီး ရိုးရှင်းတဲ့ လက်တံ နဲ့ ဘေးခလုတ် Crown တစ်ခု ပါရှိပါတယ်။ 

image



သဘာဝပတ်ဝန်းကျင်အတွက် အထောက်အပံ့ဖြစ်စေဖို့ Recycled Stainless Steel သုံးပြီး ထုတ်လုပ်ထားသလို နာရီလက်ပတ်ကြိုးတွေလည်း စိတ်ကြိုက် လဲနိုင်အောင် ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။ Fitness ပိုင်းအတွက် နာရီပတ်သူရဲ့ အိပ်စက်မှု ၊ နှလုံးခုန်နှုန်းနဲ့ Workout လုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်မယ့် Fitbit ရဲ့ နည်းပညာကို ထည့်ပေးထားပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်ကပဲ Fitness Startup တစ်ခုဖြစ်တဲ့ Fitbit ကို ဒေါ်လာ ၂.၁ ဘီလျံ ပေးဝယ်ထားတာပါ။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ Google ရဲ့ ကိုယ်ပိုင် WearOS 3 နဲ့ လာပြီး မက်ဆေ့ချ်စစ်တာ ၊ သီချင်းဒေါင်းတာတွေ လုပ်နိုင်သလို Google Maps နဲ့ လမ်းရှာတာ ၊ နာရီနဲ့ စမတ်အိမ်သုံးပစ္စည်းတွေ ချိတ်ဆက်တာမျိုးတွေ လုပ်နိုင်မှာပါ။ Cellular Version လည်း ထွက်ထားတာကြောင့် WiFi မရှိတဲ့နေရာတွေမှာ Standalone ချိတ်ဆက်မှု လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

Pixel Watch ရဲ့ ဈေးနှုန်းကို ကြေညာသွားခြင်း မရှိပေမယ့် ပရီမီယံဈေးနဲ့ လာဖို့ ရှိပြီး ဒီနှစ် ဆောင်းတွင်းမှာ ဈေးကွက်ထဲ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က