လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဂျိုတာဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အနီးကပ်ကန်သွင်းမှုကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့တဲ့နောက် ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး လွဲချော်မှုဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ ဝုဗ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဂျိုတာက ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်မယ့် မယုံနိုင်ဖွယ်အခွင့်အရေးကို မြောင်းထဲ လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ ဝုဗ်ဂိုးသမား ဟိုဆေး ဆဟာ ၎င်းရဲ့အသင်းဖော်တွေထဲက တစ်ဦးနဲ့ နားလည်မှု လွဲချော်သွားခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးပေါက်ဆီ အသည်းအသန် ပြန်ပြေးလွှားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုက ချက်ချင်းပဲ ရရှိလာတဲ့ ဘောလုံးကို ရယူခဲ့ပြီး လာလုယူမယ့်သူမရှိတဲ့ ပင်နယ်တီဧရိယာထဲမှာ ဂိုးစည်းပေါ် ရပ်နေတဲ့ ကော်နာ ကိုဒီနဲ့ မက်စ် ကေးမန်းတို့ ကာကွယ်ထားတဲ့ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခွင့် ရခဲ့တာဖြစ်ပါတယ်။ ဝုဗ်ဂိုးသမား ဆဟာ ဂိုးပေါက်ကို အချိန်မီပြန်ရောက်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အသက် ၂၅ နှစ်အရွယ် လီဗာပူးလ်တိုက်စစ်မှူးအနေနဲ့ ဂိုးပေါက်ကို သေချာချိန်ပြီး ကိုဒီနဲ့ ကေးမန်းတို့ တားဆီးဖို့ အဆင်သင့်မဖြစ်သေးခင် ကန်သွင်းဖို့ အချိန်အများကြီး ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျိုတာရဲ့ ကန်သွင်းချက်က ကိုဒီကို သွားထိခဲ့ပြီး ဘောလုံးက ဘေးထွက်သွားခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့ပရိသတ်တွေက ဒီလွဲချော်မှုဟာ ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး လွဲချော်မှုအဖြစ် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။ "ဂျိုတာဆီကနေ အဆိုးရွားဆုံးပွဲစဉ်ပဲ"လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး "ဂျိုတာက အမြဲတမ်း တကိုယ်ကောင်းဆန်တဲ့ ကစားသမား ဖြစ်ခဲ့တာပဲ"လို့ အခြား တွစ်တာအသုံးပြုသူတစ်ဦးကလည်း ရေးသားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နာကျင်အချိန်ပိုမှာ မိုဟာမက် ဆာလားရဲ့ ပေးပို့မှုကနေတဆင့် အိုရီဂီသွင်းယူပေးသွားတဲ့ နောက်ကျအနိုင်ဂိုးကြောင့် အဝေးကွင်းမှာ အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ ဝက်ဖို့ဒ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် မန်စီးတီးက အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့တာဖြစ်ပါတယ်။